သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် ၂၀ လောက်ပျောက်နေလို့ ကရင် BGF ပြော


မြန်မာထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်းကူးအဓ္မခိုင်းစေခံခဲ့ရသူများကို ကယ်ဆယ်အပြီး ထိုင်းနိုင်ငံဘက်က ယာယီစခန်းတခုမှာ တွေ့ရစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)
မြန်မာထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်းကူးအဓ္မခိုင်းစေခံခဲ့ရသူများကို ကယ်ဆယ်အပြီး ထိုင်းနိုင်ငံဘက်က ယာယီစခန်းတခုမှာ တွေ့ရစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)

မြဝတီမြို့နားက လောင်းကစားလုပ်ငန်းတွေ၊ ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေမှာ ရှိနေခဲ့တဲ့ ဂျပန် နိုင်ငံသား ၂၀ ဘယ်ရောက်သွားသလဲ မသိသေးဘူးလို့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့အပြောကို ဂျပန် Kyodo သတင်းမှာ ဖော်ပြခဲ့ပါတယ်။ အွန်လိုင်းငွေလိမ်လုပ်ငန်းနေရာတွေမှာ ကရင် BGF က အင်္ဂါနေ့က ရှာဖွေချိန် ဂျပန်အယောက် ၂၀ ထဲက ၁၀ ယောက် ထွက်ပြေးသွားပုံရတယ်လို့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။

ဂျပန်နိုင်ငံသားတွေဟာ ရာဇဝတ်ဂိုဏ်းတွေမှာ ပါဝင်လုပ်ကိုင်သူတွေ၊ ဒါမှမဟုတ် အတင်းအကျပ်ခိုင်းစေခံနေရသူတွေဖြစ်တယ်လို့လည်း BGF အဖွဲ့က ပြောပါတယ်။ ဂျပန်အစိုးရ ထိပ်တန်းပြောခွင့်ရ Yoshimasa Hayashi ကတော့ ဂျပန်အစိုးရအနေနဲ့ သူ့နိုင်ငံသားတွေနဲ့ ပတ်သက်လို့ ဘာသတင်းမှ မရတဲ့အကြောင်းနဲ့၊ ဒီကိစ္စကို အလေးအနက်ထားသလို၊ ထိုင်း မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရွက်နေတဲ့အကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလနောက်ပိုင်းမှာ ဂျပန်နိုင်ငံသား ၂ ယောက်ကို အွန်လိုင်း ငွေကြေး လိမ်လည်တဲ့ဂိုဏ်းတွေ လက်ထဲက ကယ်တင်နိုင်ခဲ့တဲ့အကြောင်း ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။ နောက်ထပ် ဂျပန်နှစ်နိုင်ငံသားနှစ်ယောက်ကို ရှာဖွေ ကယ်ဆယ်ပေးဖို့လည်း ဂျပန်အစိုးရ တောင်းဆိုထားကြောင်း Kyodo သတင်းမှာ ဖော်ပြထားပါတယ်။

ဂျပန် ၂၀ လောက်ပျောက်နေလို့ ကရင် BGF ပြော
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG