သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ အေရး အိႏၵိယနဲ႔ ထိုင္း ၀န္ႀကီး ၂ ဦး ေဆြးေႏြး


(Zawgyi / Unicode)

အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး S Jaishankar နဲ႔ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး Don Pramudwinai တို႔ဟာ ျမန္မာႏိုင္ငံ လက္ရွိအေျခအေနနဲ႔ ပတ္သက္ၿပီး ၿပီးခဲ႔တဲ႔ တနဂၤေႏြေန႔က ေဆြးေႏြးခဲ႔ၾကပါတယ္။

နယူးေယာက္ၿမိဳ႕မွာ ကုလသမဂၢ အေထြေထြညီလာခံ လာတက္ရင္း ေတြ႕ဆံုၾကၿပီးတဲ႔ေနာက္ ျမန္မာႏိုင္ငံရဲ႕အျခားအိမ္နီးခ်င္းတခုျဖစ္တဲ႔ ထိုင္းႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံ အေျခအေန ေဆြးေႏြးရတာ အင္မတန္ေကာင္းမြန္ၿပီး အာဆီယံရဲ႕ ဦးေဆာင္ဦးရြက္ျပဳမႈကို ေထာက္ခံေၾကာင္း အိႏိၵယဝန္ႀကီးရဲ႕ တြစ္တာမွာေဖာ္ျပထားတယ္လို႔ The Times of India သတင္းစာမွာ ကိုးကားေရးသားထားပါတယ္။

ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕မွာ ဗုဒၶဘာသာ ဘုန္းေတာ္ႀကီးတခ်ိဳ႕ စစ္ေကာင္စီကို စေနေန႔က ဆန္႔က်င္ဆႏၵျပခဲ႔ၾကတယ္ဆိုတဲ႔ သတင္းေတြထြက္လာၿပီးတဲ႔ေနာက္အခုလို ေတြ႕ဆံုခဲ႔ၾကတာလို႔လဲ ဆိုထားပါတယ္။

စစ္ေကာင္စီဟာ လူေပါင္း ၁၁၀၀ ေက်ာ္ကို သတ္ျဖတ္၊ ၈၀၀၀ ေက်ာ္ကိုဖမ္းဆီးၿပီး ကန္႔ကြက္ဆႏၵျပမႈေတြကို ႏွိမ္နင္းခဲ႔တယ္လို႔လဲ ေဒသသတင္းေတြကို ကိုးကားေဖာ္ျပထားပါတယ္။ ဒါေပမဲ႔ ကုလသမဂၢ အေနနဲ႔ ဒါေတြကို မွတ္တမ္းတင္ေနရံုကလဲြၿပီး ဘာမွထိထိေရာက္မလုပ္ဘူး၊ တ႐ုတ္၊ အိိႏၵိယ၊ ဂ်ပန္စတဲ႔ အာရွအင္အားႀကီးႏိုင္ငံေတြက အာဏာသိမ္းစစ္ေကာင္စီအေပၚ ဒဏ္ခတ္အေရးယူမယ္႔ကိစၥ ကို ဆန္႔က်င္ၾကေပမဲ႔ အေနာက္ႏိုင္ငံေတြက ဒဏ္ခတ္လိုၾကတယ္လို႔ ေရးထားပါတယ္။

ကုလသမဂၢကေတာ႔ ျမန္မာစစ္ေကာင္စီကိုယ္စားလွယ္ကို လက္မခံဘဲ ကိိုယ္စားလွယ္ေရြးခ်ယ္ေရးေကာ္မီတီက ဒီကိစၥကို အဆံုးအျဖတ္ေပးမယ္႔ကိစၥကိုေရႊ႕ဆိုင္းၿပီး လက္ရွိကိုယ္စားလွယ္ဦး ေက်ာ္မိုးထြန္းကို အခိုက္အတန္႔ လက္ခံထားဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာ့ အရေး အိန္ဒိယနဲ့ ထိုင်း ဝန်ကြီး ၂ ဦး ဆွေးနွေး

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai တို့ဟာ မြန်မာနိုင်ငံ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြပါတယ်။

နယူးယောက်မြို့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ လာတက်ရင်း တွေ့ဆုံကြပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့အခြားအိမ်နီးချင်းတခုဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ အခြေအနေ ဆွေးနွေးရတာ အင်မတန်ကောင်းမွန်ပြီး အာဆီယံရဲ့ ဦးဆောင်ဦးရွက်ပြုမှုကို ထောက်ခံကြောင်း အိန္ဒိယဝန်ကြီးရဲ့ တွစ်တာမှာဖော်ပြထားတယ်လို့ The Times of India သတင်းစာမှာ ကိုးကားရေးသားထားပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတချို့ စစ်ကောင်စီကို စနေနေ့က ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးတဲ့နောက်အခုလို တွေ့ဆုံခဲ့ကြတာလို့လဲ ဆိုထားပါတယ်။

စစ်ကောင်စီဟာ လူပေါင်း ၁၁၀၀ ကျော်ကို သတ်ဖြတ်၊ ၈၀၀၀ ကျော်ကိုဖမ်းဆီးပြီး ကန့်ကွက်ဆန္ဒပြမှုတွေကို နှိမ်နင်းခဲ့တယ်လို့လဲ ဒေသသတင်းတွေကို ကိုးကားဖော်ပြထားပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ အနေနဲ့ ဒါတွေကို မှတ်တမ်းတင်နေရုံကလွဲပြီး ဘာမှထိထိရောက်မလုပ်ဘူး၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်စတဲ့ အာရှအင်အားကြီးနိုင်ငံတွေက အာဏာသိမ်းစစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမယ့်ကိစ္စ ကို ဆန့်ကျင်ကြပေမဲ့ အနောက်နိုင်ငံတွေက ဒဏ်ခတ်လိုကြတယ်လို့ ရေးထားပါတယ်။

ကုလသမဂ္ဂကတော့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို လက်မခံဘဲ ကိုယ်စားလှယ်ရွေးချယ်ရေးကော်မီတီက ဒီကိစ္စကို အဆုံးအဖြတ်ပေးမယ့်ကိစ္စကိုရွှေ့ဆိုင်းပြီး လက်ရှိကိုယ်စားလှယ်ဦး ကျော်မိုးထွန်းကို အခိုက်အတန့် လက်ခံထားဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG