သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ အိန္ဒိယဝန်ကြီးချုပ်နှင့် အိမ်ဖြူတော်မှာ တွေ့မည်


ကန်သမ္မတ နှင့် အိန္ဒိယဝန်ကြီးချုပ်
ကန်သမ္မတ နှင့် အိန္ဒိယဝန်ကြီးချုပ်

ကွဲပြားခြားနားမှုရှိတဲ့ နိုင်ငံရေး ဆောင်ပုဒ် တွေ ဖြစ်တဲ့ Made in India နဲ့ America First တွေကို ကြွေးကြော် နေကြတဲ့ ခေါင်းဆောင် ၂ ဦး တနင်္လာနေ့ အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ Donald Trump နဲ့ ဧည့်သည်တော် အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi တို့ကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံကြရာမှ ဘာတွေ ဆွေးနွေးကြမှာလည်းဆိုတဲ့ မေးခွန်းအပေါ်မှာ ခေါင်းဆောင် ၂ ဦးဟာ စိတ်အားထက်သန်စွာနဲ့ အပြန်အလှန် ဆွေးနွေးကြမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူ Sean Spicer က ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ကို ကော်ဇောနီခင်းပြီး ကြိုဆိုမှာ ဖြစ်ကြောင်း ထိပ်တန်း အမေရိကန် အရာရှိတဦးက ပြောဆိုလိုက်သလို မစ္စတာ Donald Trump အနေနဲ့ ဝန်ကြီးချုပ် Modi ကို ပထမဦးဆုံး ပြည်ပခေါင်းဆောင် တဦးအနေနဲ့ အိမ်ဖြူတော်မှာ ညစာစားပွဲ နဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။

အဲဒီမှာ ခေါင်းဆောင် ၂ ဦး အနေနဲ့ တယောက် အကြောင်း တယောက် သိနိုင်စေဖို့ အတွက် အချိန် အတန်ကြာရရှိမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် အကြီးတန်း သတင်းထောက် တဦးကပြောပါတယ်။

သူတို့ ၂ ဦးစလုံးဟာ အပြောင်းအလဲအတွက် စိတ်အားထက်သန် ကြသူတွေဖြစ်တယ်လို့ ဝါရှင်တန် အခြေစိုက် East-West Center အဖွဲ့ရဲ့ ညွှန်ကြားရေးမှုး Satu Limyae ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG