သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ-ျမန္မာနယ္စပ္ ျခံစည္း႐ိုးတည္ေဆာက္မႈ မဏိပူမွာ အျငင္းပြား


အိႏၵိယ-ျမန္မာ နယ္စပ္

Zawgyi/Unicode

အိႏၵိယ-ျမန္မာ နယ္စပ္က ႏွစ္အတန္ၾကာ အျငင္းပြားဖြယ္ျဖစ္ေနတဲ့ နယ္ျခားမွတ္တိုင္ ၈၁ ေနရာမွာ တည္ေဆာက္ေနတဲ့ျခံစည္း႐ုံးကိစၥနဲ႔ ပတ္သက္လို႔ စုံစမ္း စစ္ေဆးမႈေတြ ျပဳလုပ္သြားမယ္လို႔ မဏိပူဒီမိုကရက္တစ္ၫြန္႔ေပါင္းအဖြဲ႔ - MDA ဥကၠဌ Bijoy Koijam ကေျပာၾကားလိုက္ပါတယ္။

အိႏၵိယ-ျမန္မာ နယ္စပ္မွာရွိတဲ့ နယ္ျခားမွတ္တိုင္ ၈၁ ဟာ မူလရွိထားတဲ့ေနရာထက္ ၃ ကီလိုမီတာ အိႏၵိယဘက္အျခမ္းကိုေရြ႕လာတာေၾကာင့္ အဲဒီကိစၥကို ေျပလည္ေအာင္ အရင္ လုပ္ေဆာင္ၿပီးမွ ေဆာက္လက္စ နယ္စပ္ျခံစည္း႐ိုး စီမံကိန္းကို ျပန္စသင့္ေၾကာင္း ညီၫြတ္ေသာမဏိပူရျပည္နယ္သားမ်ားေကာ္မီတီ - UCM အဖြဲ႔က ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ေျပာဆိုအၿပီးမွာ အခုလို စုံစမ္း စစ္ေဆးမယ့္ကိစၥ ေပၚေပါက္လာခဲ့တာပါ။

ေဒသခံေတြက အခုျခံစည္း႐ိုးတည္ေဆာက္တဲ့ကိစၥကို ရပ္တန္႔ေပးဖို႔ ကာလအတန္ၾကာကတည္းက ေတာင္းဆိုေနခဲ့ၾကေၾကာင္းလည္း ေဒသတြင္း သတင္းမီဒီယာေတြမွာ ေဖာ္ျပၾကပါတယ္။

အိႏၵိယႏိုင္ငံက နယ္ျခားလုံျခံဳေရးတပ္ဖြဲ႔ - BSF ဟာ ႏိုင္ငံတကာနယ္နိမိတ္ဆိုင္ရာကိစၥရပ္ေတြကို ကာကြယ္ ထိန္းသိမ္းဖို႔ ဖြဲ႔စည္းထားျခင္း ျဖစ္တာနဲ႔အညီ BSF အေနနဲ႔ အဲဒီလို လုပ္ေဆာင္ရမယ့္တာ၀န္ရွိေၾကာင္း MDA ဥကၠဌ Bijoy Koijam က မဏိပူရျပည္နယ္ၿမိဳ႕ေတာ္ Imphal မွာ စေနေန႔က သတင္းေထာက္ေတြကို ေျပာပါတယ္။

ေသာင္းက်န္းသူေတြ ထိန္းခ်ဳပ္ေရးနဲ႔ တျခား လူမႈေရးအရ မလိုလားအပ္တဲ့ လႈပ္ရွားမႈေတြကို ထိန္းခ်ဳပ္ေရးက႑ေတြအတြက္ အာသံ႐ိုင္ဖယ္ ေသနတ္ကိုင္တပ္ရင္းက ကိုင္တြယ္ ေျဖရွင္းေပးဖို႔ တာ၀န္ရွိေပမယ့္ အခုလို နယ္စပ္စည္းမ်ဥ္းကိစၥမွာေတာ့ BSF က တာ၀န္ယူေဆာင္ရြက္ေပးရမွာျဖစ္ေၾကာင္း MDA ဥကၠဌက ေျပာပါတယ္။

ျမန္မာနဲ႔အိႏၵိယအၾကား နယ္စပ္ေဒသကိစၥေတြနဲ႔ပတ္သက္လို႔ ပုံမွန္ အစည္းေ၀းေတြ ျပဳလုပ္ေလ့ ရွိေပမယ့္ ႏိုင္ငံတကာ နယ္နိမိတ္သတ္မွတ္ေရး ကိစၥနဲ႔ပတ္သက္လို႔ မၾကာခန အျငင္းပြားၾကေလ့ရွိတာမွာ အိႏၵိယဘက္အျခမ္းမွာရွိတဲ့ ေဒသခံေတြက မၾကာခဏ ဆႏၵျပ ကန္႔ကြက္ၾကေလ့ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]

အိန္ဒိယ-မြန်မာ နယ်စပ်က နှစ်အတန်ကြာ အငြင်းပွားဖွယ်ဖြစ်နေတဲ့ နယ်ခြားမှတ်တိုင် ၈၁ နေရာမှာ တည်ဆောက်နေတဲ့ခြံစည်းရုံးကိစ္စနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ မဏိပူဒီမိုကရက်တစ်ညွန့်ပေါင်းအဖွဲ့ - MDA ဥက္ကဌ Bijoy Koijam ကပြောကြားလိုက်ပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်မှာရှိတဲ့ နယ်ခြားမှတ်တိုင် ၈၁ ဟာ မူလရှိထားတဲ့နေရာထက် ၃ ကီလိုမီတာ အိန္ဒိယဘက်အခြမ်းကိုရွေ့လာတာကြောင့် အဲဒီကိစ္စကို ပြေလည်အောင် အရင် လုပ်ဆောင်ပြီးမှ ဆောက်လက်စ နယ်စပ်ခြံစည်းရိုး စီမံကိန်းကို ပြန်စသင့်ကြောင်း ညီညွတ်သောမဏိပူရပြည်နယ်သားများကော်မီတီ - UCM အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြောဆိုအပြီးမှာ အခုလို စုံစမ်း စစ်ဆေးမယ့်ကိစ္စ ပေါ်ပေါက်လာခဲ့တာပါ။

ဒေသခံတွေက အခုခြံစည်းရိုးတည်ဆောက်တဲ့ကိစ္စကို ရပ်တန့်ပေးဖို့ ကာလအတန်ကြာကတည်းက တောင်းဆိုနေခဲ့ကြကြောင်းလည်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
အိန္ဒိယနိုင်ငံက နယ်ခြားလုံခြုံရေးတပ်ဖွဲ့ - BSF ဟာ နိုင်ငံတကာနယ်နိမိတ်ဆိုင်ရာကိစ္စရပ်တွေကို ကာကွယ် ထိန်းသိမ်းဖို့ ဖွဲ့စည်းထားခြင်းဖြစ်တာနဲ့အညီ BSF အနေနဲ့ အဲဒီလို လုပ်ဆောင်ရမယ့်တာဝန်ရှိကြောင်း MDA ဥက္ကဌ Bijoy Koijam က မဏိပူရပြည်နယ်မြို့တော် Imphal မှာ စနေနေ့ကသတင်းထောက်တွေကို ပြောပါတယ်။
သောင်းကျန်းသူတွေ ထိန်းချုပ်ရေးနဲ့ တခြား လူမှုရေးအရ မလိုလားအပ်တဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ရေးကဏ္ဍတွေအတွက် အာသံရိုင်ဖယ် သေနတ်ကိုင်တပ်ရင်းက ကိုင်တွယ် ဖြေရှင်းပေးဖို့ တာဝန်ရှိပေမယ့် အခုလို နယ်စပ်စည်းမျဉ်းကိစ္စမှာတော့ BSF က တာဝန်ယူဆောင်ရွက်ပေးရမှာဖြစ်ကြောင်း MDA ဥက္ကဌက ပြောပါတယ်။

မြန်မာနဲ့အိန္ဒိယအကြား နယ်စပ်ဒေသကိစ္စတွေနဲ့ပတ်သက်လို့ ပုံမှန် အစည်းဝေးတွေ ပြုလုပ်လေ့ ရှိပေမယ့် နိုင်ငံတကာ နယ်နိမိတ်သတ်မှတ်ရေး ကိစ္စနဲ့ပတ်သက်လို့ မကြာခန အငြင်းပွားကြလေ့ရှိတာမှာ အိန္ဒိယဘက်အခြမ်းမှာရှိတဲ့ ဒေသခံတွေက မကြာခန ဆန္ဒပြ ကန့်ကွက်ကြလေ့ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG