သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒို-ပစိဖိတ်မှာ တရုတ်အင်အားချဲ့တာကို ကန် တန်ပြန် လုပ်ဆောင်မလား


USS Mustin စစ်သင်္ဘော တောင်တရုတ်ပင်လယ်ထဲ စစ်ရေးလေ့ကျင့်စဉ်။ ဧပြီ ၂၁၊ ၂၀၁၅။
USS Mustin စစ်သင်္ဘော တောင်တရုတ်ပင်လယ်ထဲ စစ်ရေးလေ့ကျင့်စဉ်။ ဧပြီ ၂၁၊ ၂၀၁၅။

(Zawgyi/Unicode)

တရုတ်နိုင်ငံ အင်အား တိုးချဲ့နေတာကို ကာကွယ်တုံ့ပြန်တဲ့အနေနဲ့ Indo-Pacific Deterrence Initiative လို့ခေါ်တဲ့ အင်ဒို-ပစိဖိတ် ဒေသအတွင်း အန္တရာယ်ဟန့်တားရေး အစီအစဉ်ကို စတင်ဖို့ အဆိုပြုမယ်လို့ အမေရိကန် အောက်လွှတ်တော် လက်နက်ကိုင် အဖွဲ့များ ဆိုင်ရာ ကော်မတီဝင် အမတ်တစ်ဦးက ပြောပါတယ်။

ဒီ အစီအစဉ်ဟာ ၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံရဲ့ ရန်ကို ကာကွယ် တုန့်ပြန်ဖို့ ချမှတ်ခဲ့တဲ့ European Deterrence Initiative ဥရောပ ဒေသတွင်း အန္တရာယ် ဟန့်တားရေး အစီအစဉ်နဲ့လည်း ပုံစံ တူပါတယ်။

အင်ဒို-ပစိဖိတ်ဒေသအတွင်း အန္တရာယ်ဟန့်တားရေးအစီအစဉ်အတွက် လာမယ့်နှစ်မှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ သုံးစွဲသွား မယ် လို့ ဥပဒေ မူကြမ်းကို အဆိုပြုထားသူ အောက်လွှတ်တော် ရစ်ပတ်ဘလင်ကန်ကိုယ်စားလှယ် Mac Thornberry က ပြောပါတယ်။

တရုတ်နိုင်ငံကို ဟန့်တားဖို့ ရည်ရွယ်တဲ့ ဒီ အစီအစဉ်အတွက် သုံးစွဲမယ့် ငွေကြေးကို နှစ်စဉ် ထုတ်ပြန်တဲ့ ကာကွယ်ရေးမူဝါဒဆိုင်ရာ ဥပဒေထဲ ထည့်သွင်းရမှာ ဖြစ်ပါတယ်။ဒေါ်လာ ၆ ဘီလီယံသုံးစွဲမယ့် အစီအစဉ်မှာ ဒုံးကျည် ကာကွယ်ရေး စနစ်၊ ထောက်လှမ်းရေး လုပ်ငန်း၊ ကာကွယ်ရေး ပစ္စည်းနဲ့တပ်ရွှေ့ ပြောင်းတဲ့ကိစ္စ၊ မဟာမိတ်နဲ့ မိတ်ဖက်နိုင်ငံတွေ အတူ လက်တွဲ အလုပ်လုပ်ဖို့ ကိစ္စတွေနဲ့ လေ့ကျင့် သင်တန်းပေးရေး ကိစ္စတွေ ပါဝင် မှာ ဖြစ်ပါတယ်။ ဒီ လုပ်ငန်းတွေ အားလုံးက အသစ်တွေ မဟုတ်ပေမဲ့ မူဝါဒ တစ်ခုတည်း အောက်ကို သွတ်သွင်းလိုက်ရင် တရုတ်နိုင်ငံရဲ့ ရန်ကို တားဆီးရေး ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ပိုပြီး ကောင်းလာလိမ့်မယ်လို့ လည်း အောက် လွှတ်တော် အမတ် Thornberry က သူ့ရဲ့ ကြေညာချက်ထဲ ဖော်ပြထားပါတယ်။

အင်ဒို-ပစိဖိတ်မှာ တရုတ်အင်အားချဲ့တာကို ကန် တန်ပြန် လုပ်ဆောင်မလား
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်


................


(Unicode)




XS
SM
MD
LG