သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိမ္ေထာင္ဖက္မဟုတ္သူနဲ႔ လိင္ဆက္ဆံရင္ ရာဇ၀တ္မႈအျဖစ္ အင္ဒိုနီးရွားလႊတ္ေတာ္ အတည္ျပဳ


(Zawgyi / Unicode)

အင္ဒိုနီးရွားႏိုင္ငံမွာ အိမ္ေထာင္ဖက္မဟုတ္သူနဲ႔ လိင္ဆက္ဆံတာကို ရာဇ၀တ္မႈအျဖစ္ လႊတ္ေတာ္က ျပင္ဆင္သတ္မွတ္လိုက္ပါတယ္။

အဂၤါေန႔က ျပင္ဆင္ခ်က္အရ၊ အိမ္ေထာင္အျပင္ဖက္ လိင္ဆက္ဆံရင္ ေထာင္ဒဏ္တႏွစ္ က်ခံရႏိုင္ၿပီး လက္မထပ္ထားဘဲ အတူတူေနရင္ ေထာင္ဒဏ္ ၆ လထိ က်ခံရႏိုင္ပါတယ္။ ဒီဥပေဒသစ္အရ အင္ဒိုနီးရွားႏိုင္ငံသားေတြေရာ ႏိုင္ငံျခားသားေတြပါ အေရးယူခံရႏိုင္တာ ျဖစ္ၿပီး သေႏၶတားမႈ၊ သားဆက္ျခားမႈဆိုင္ရာ ေၾကာ္ျငာေတြကိုလည္း ပိတ္ပင္ထားပါတယ္။

ဥပေဒျပင္ဆင္ခ်က္မွာ ႏိုင္ငံအႀကီးအကဲေတြ၊ ဘာသာေရးအေပၚ ေစာ္ကားမႈေတြအတြက္ အေရးယူႏိုင္တဲ့ ဥပေဒေတြလည္း ပါ၀င္ပါတယ္။ သမၼတအေပၚ ေစာ္ကားရင္ ေထာင္ဒဏ္ ၃ ႏွစ္အထိ က်ခံရႏိုင္ပါတယ္။ သေႏၶသားဖ်က္ခ်မႈကို ရာဇ၀တ္မႈအျဖစ္ သတ္မွတ္ထားၿပီးျဖစ္တဲ့ ဥပေဒေနဲ႔ ပတ္သက္လို႔လည္း ျပင္ဆင္ခဲ့တာပါ။ အသက္အႏၲရာယ္စိုးရိမ္ရတဲ့ က်န္းမာေရးအေျခအေနေၾကာင့္ ဒါမွမဟုတ္လည္း အဓမၼျပဳက်င့္ခံရမႈေၾကာင့္ကလြဲရင္ သေႏၶသား ဖ်က္ခ်ခြင့္ကို တားျမစ္ထားၿပီး၊ တရား၀င္ ဖ်က္ခ်ႏိုင္တဲ့ အေၾကာင္းျပခ်က္ ခိုင္လုံရင္ေတာ့ သေႏၶသား သီတင္း ၁၂ ပတ္ မတိုင္ခင္အထိ ဖ်က္ခ်ခြင့္ေပးထားပါတယ္။

လႊတ္ေတာ္က အသစ္ျပင္ဆင္ထားတဲ့ ဥပေဒကို သမၼတ Joko Widodo လက္မွတ္ထိုးၿပီးရင္ ေနာက္ ၃ ႏွစ္အတြင္း လက္ေတြ႕အေကာင္အထည္ေဖာ္မွာ ျဖစ္ေၾကာင္း ဥပေဒနဲ႔ လူ႔အခြင့္အေရးေရးရာ၀န္ႀကီးဌာနက Edward Hiariej က ေျပာပါတယ္။ အခုလို ဥပေဒျပင္ဆင္ခ်က္က ေ၀ဝါးၿပီး က်ယ္ျပန္႔လြန္းတယ္လို႔ ေ၀ဖန္မႈေတြ ရွိၿပီး ဒါဟာ သာမာန္ ကိစၥေတြကို ရာဇ၀တ္မႈအျဖစ္ သတ္မွတ္လိုက္တာေၾကာင့္ လူ႔အခြင့္အေရးနဲ႔ လြတ္လပ္ခြင့္ေတြကို ထိခိုက္ႏိုင္ေၾကာင္း လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေ၀ဖန္ပါတယ္။

ႏိုင္ငံ့ေခါင္းေဆာင္ေတြကို ေ၀ဖန္မႈကို ဥပေဒခ်မွတ္အေရးယူမႈက ႏိုင္ငံတကာဥပေဒေတြကို ဆန္႔က်င္ရာေရာက္ၿပီး တခ်ိဳ႕ထုတ္ေဖာ္ေျပာဆိုမႈေတြကို ေစာ္ကားမႈအျဖစ္ သတ္မွတ္ရံုနဲ႕ အေရးယူေထာင္ခ်မႈေတြအထိ လုပ္ေဆာင္တာ မျဖစ္သင့္ေၾကာင္း လူ႕အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕ HRW ကလည္း ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အိမ်ထောင်ဖက်မဟုတ်သူနဲ့ လိင်ဆက်ဆံရင် ရာဇဝတ်မှုအဖြစ် အင်ဒိုနီးရှားလွှတ်တော်အတည်ပြု

အင်ဒိုနီးရှားနိုင်ငံမှာ အိမ်ထောင်ဖက်မဟုတ်သူနဲ့ လိင်ဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် လွှတ်တော်က ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။ အင်္ဂါနေ့က ပြင်ဆင်ချက်အရ၊ အိမ်ထောင်အပြင်ဖက် လိင်ဆက်ဆံရင် ထောင်ဒဏ်တနှစ် ကျခံရနိုင်ပြီး လက်မထပ်ထားဘဲ အတူတူနေရင် ထောင်ဒဏ် ၆ လထိ ကျခံရနိုင်ပါတယ်။

ဒီဥပဒေသစ်အရ အင်ဒိုနီးရှားနိုင်ငံသားတွေရော နိုင်ငံခြားသားတွေပါ အရေးယူခံရနိုင်တာ ဖြစ်ပြီး သန္ဓေတားမှု၊ သားဆက်ခြားမှုဆိုင်ရာ ကြော်ငြာတွေကိုလည်း ပိတ်ပင်ထားပါတယ်။ ဥပဒေပြင်ဆင်ချက်မှာ နိုင်ငံအကြီးအကဲတွေ၊ ဘာသာရေးအပေါ် စော်ကားမှုတွေအတွက် အရေးယူနိုင်တဲ့ ဥပဒေတွေလည်း ပါဝင်ပါတယ်။ သမ္မတအပေါ် စော်ကားရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပါတယ်။ သန္ဓေသားဖျက်ချမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီးဖြစ်တဲ့ ဥပဒေနေဲ့ ပတ်သက်လို့လည်း ပြင်ဆင်ခဲ့တာပါ။

အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေကြောင့် ဒါမှမဟုတ်လည်း အဓမ္မပြုကျင့်ခံရမှုကြောင့်ကလွဲရင် သန္ဓေသား ဖျက်ချခွင့်ကို တားမြစ်ထားပြီး၊ တရားဝင် ဖျက်ချနိုင်တဲ့ အကြောင်းပြချက် ခိုင်လုံရင်တော့ သန္ဓေသား သီတင်း ၁၂ ပတ် မတိုင်ခင်အထိ ဖျက်ချခွင့်ပေးထားပါတယ်။ လွှတ်တော်က အသစ်ပြင်ဆင်ထားတဲ့ ဥပဒေကို သမ္မတ Joko Widodo လက်မှတ်ထိုးပြီးရင် နောက် ၃ နှစ်အတွင်း လက်တွေ့အကောင်အထည်ဖော်မှာ ဖြစ်ကြောင်း ဥပဒေနဲ့ လူ့အခွင့်အရေးရေးရာဝန်ကြီးဌာနက Edward Hiariej က ပြောပါတယ်။

အခုလို ဥပဒေပြင်ဆင်ချက်က ဝေဝါးပြီး ကျယ်ပြန့်လွန်းတယ်လို့ ဝေဖန်မှုတွေ ရှိပြီး ဒါဟာ သာမာန် ကိစ္စတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်လိုက်တာကြောင့် လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ထိခိုက်နိုင်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေကို ဝေဖန်မှုကို ဥပဒေချမှတ်အရေးယူမှုက နိုင်ငံတကာဥပဒေတွေကို ဆန့်ကျင်ရာရောက်ပြီး တချို့ထုတ်ဖော်ပြောဆိုမှုတွေကို စော်ကားမှုအဖြစ် သတ်မှတ်ရုံနဲ့ အရေးယူထောင်ချမှုတွေအထိ လုပ်ဆောင်တာ မဖြစ်သင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကလည်း ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။

XS
SM
MD
LG