သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယမွာ ကိုဗစ္ေၾကာင့္ေသဆံုးသူ ထုတ္ျပန္တာထက္ ပိုမ်ားႏုိင္


အိႏၵိယႏိုင္ငံ New Delhi ၿမိဳ႕ရွိ ေဆးရံုတခု ေတြ႔ရတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

အိႏၵိယႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကို႐ိုနာဗုိင္းရပ္စ္ကူးစက္သူအေရအတြက္ဟာ ၉၆,၀၀၀ ေက်ာ္ရွိတာေၾကာင့္ ကူးစက္သူအေရအတြက္ဟာ ၅.၂ သန္းေက်ာ္သြားၿပီျဖစ္တယ္လို႔ အိႏၵိယက်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။ ဒါ့အျပင္ ေသဆုံးသူ ေနာက္ထပ္ ၁,၁၇၄ ေယာက္ရွိတာေၾကာင့္ ေသဆုံးသူဦးေရ ၈၄,၃၇၂ ေယာက္ရွိသြားၿပီျဖစ္ပါတယ္။ ဒါေပမဲ့ အမွန္တကယ္ေသဆုံးသူ အေရအတြက္က ဒီထက္မ်ားႏုိင္တယ္လို႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းေနပါတယ္။

၀န္ႀကီးခ်ဳပ္ နရင္ဒရာမိုဒီကေတာ့ ျပည္သူေတြအေနနဲ႔ နွာေခါင္းစည္းေတြ တပ္ၾကဖို႔နဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္ခပ္ခြာခြာေနဖို႔ မေန႔က က်ေရာက္တဲ့ သူ႔ရဲ႕ ေမြးေန႔မွာ ထပ္ၿပီးေတာ့ ပန္ၾကားလိုက္ပါတယ္။ အိႏၵိယႏုိင္ငံမွာ ဗုိင္းရပ္စ္ကေန ေနျပန္ေကာင္းလာသူ ၇၈ ၇ာခိုင္ႏႈန္းေက်ာ္ရွိၿပီး အခုေလာေလာဆယ္မွာ ကူးစက္ခံရထားသူက ၁,၀၀၀,၀၀၀ ပဲရွိတယ္လို႔ အိႏၵိယက်န္းမာေရး၀န္ႀကီးက ေျပာပါတယ္။ အခုေလာေလာဆယ္ျဖစ္ေနတဲ့သူေတြထဲက ၆၀ ရာခိုင္ႏႈန္းဟာ မဟာရာခ်္ထရာ၊ ကာနာတာနာ၊ အန္ဒရာပရာဒက္ခ်္၊ တမီးနာဒူးနဲ႔ အူတာပရာဒက္ခ်္ ျပည္နယ္ ၅ ခုမွာျဖစ္ပါတယ္။ မြမ္ဘုိင္းၿမိဳ႕မွာေတာ့ လာမယ့္ စက္တင္ဘာလကုန္အထိ လူ ၄ ဦးထက္ ပိုမစုရဘူးလို႔ အာဏာပိုင္ေတြက အမိန္႔ထုတ္ထားာပါတယ္။

အင္ဒိုနီးရွားႏုိင္ငံမွာေတာ့ ဒီေန႔မွာ ဗုိင္းရပ္စ္ေနာက္ထပ္ကူးစက္သူ ၃,၈၉၁ ေယာက္ရွိတာေၾကာင့္ စုစုေပါင္း ကူးစက္သူ ၂၃၆,၀၀၀ ေက်ာ္ရွိသြားၿပီျဖစ္ပါတယ္။ ဒါ့အျပင္ ေသဆုံးသူ ၁၁၄ ေယာက္ထပ္တုိးတာေၾကာင့္ ေသဆုံးသူစုစုေပါင္းက ၉,၃၃၆ ေယာက္ ရွိလာၿပီး အေရွ႕ေတာင္အာရွေဒသတြင္းမွာေတာ့ ေသဆုံးမႈ အမ်ားဆုံးႏုိင္ငံျဖစ္ပါတယ္။ ေတာင္ကိုရီးယားနုိင္ငံမွာေတာ့ ဒီေန႔မွာ ကူးစက္သူ ၁၂၆ ေယာက္ရွိတဲ့အတြက္ ဒါဟာ ေန႔စဥ္ကူးစက္မႈႏႈန္း ၁၀၀ ေက်ာ္ရွိတာဟာ ၁၆ ရက္ဆက္တုိက္ရွိသြားၿပီျဖစ္ပါတယ္။ နယူးဇီလန္မွာေတာ့ ဒီေန႔မွာ ကူးစက္သူမရွိတဲ့အတြက္ ဒါဟာ ၅ ပတ္အတြင္း ပထမဆုံးအႀကိမ္ ေန႔စဥ္ကူးစက္မႈ မရွိတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယမှာ ကိုဗစ်ကြောင့်သေဆုံးသူ ထုတ်ပြန်တာထက် ပိုများနိုင်

အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူအရေအတွက်ဟာ ၉၆,၀၀၀ ကျော်ရှိတာကြောင့် ကူးစက်သူအရေအတွက်ဟာ ၅.၂ သန်းကျော်သွားပြီဖြစ်တယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် သေဆုံးသူ နောက်ထပ် ၁,၁၇၄ ယောက်ရှိတာကြောင့် သေဆုံးသူဦးရေ ၈၄,၃၇၂ ယောက်ရှိသွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ အမှန်တကယ်သေဆုံးသူ အရေအတွက်က ဒီထက်များနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေပါတယ်။

ဝန်ကြီးချုပ် နရင်ဒရာမိုဒီကတော့ ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတွေ တပ်ကြဖို့နဲ့ တစ်ယောက်နဲ့ တစ်ယောက်ခပ်ခွာခွာနေဖို့ မနေ့က ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့မှာ ထပ်ပြီးတော့ ပန်ကြားလိုက်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ကနေ နေပြန်ကောင်းလာသူ ၇၈ ရာခိုင်နှုန်းကျော်ရှိပြီး အခုလောလောဆယ်မှာ ကူးစက်ခံရထားသူက ၁,၀၀၀,၀၀၀ ပဲရှိတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ အခုလောလောဆယ်ဖြစ်နေတဲ့သူတွေထဲက ၆၀ ရာခိုင်နှုန်းဟာ မဟာရာချ်ထရာ၊ ကာနာတာနာ၊ အန်ဒရာပရာဒက်ချ်၊ တမီးနာဒူးနဲ့ အူတာပရာဒက်ချ် ပြည်နယ် ၅ ခုမှာဖြစ်ပါတယ်။ မွမ်ဘိုင်းမြို့မှာတော့ လာမယ့် စက်တင်ဘာလကုန်အထိ လူ ၄ ဦးထက် ပိုမစုရဘူးလို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားာပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာတော့ ဒီနေ့မှာ ဗိုင်းရပ်စ်နောက်ထပ်ကူးစက်သူ ၃,၈၉၁ ယောက်ရှိတာကြောင့် စုစုပေါင်း ကူးစက်သူ ၂၃၆,၀၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။ ဒါ့အပြင် သေဆုံးသူ ၁၁၄ ယောက်ထပ်တိုးတာကြောင့် သေဆုံးသူစုစုပေါင်းက ၉,၃၃၆ ယောက် ရှိလာပြီး အရှေ့တောင်အာရှဒေသတွင်းမှာတော့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာတော့ ဒီနေ့မှာ ကူးစက်သူ ၁၂၆ ယောက်ရှိတဲ့အတွက် ဒါဟာ နေ့စဉ်ကူးစက်မှုနှုန်း ၁၀၀ ကျော်ရှိတာဟာ ၁၆ ရက်ဆက်တိုက်ရှိသွားပြီဖြစ်ပါတယ်။ နယူးဇီလန်မှာတော့ ဒီနေ့မှာ ကူးစက်သူမရှိတဲ့အတွက် ဒါဟာ ၅ ပတ်အတွင်း ပထမဆုံးအကြိမ် နေ့စဉ်ကူးစက်မှု မရှိတာ ဖြစ်ပါတယ်။

XS
SM
MD
LG