သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာဘူးလ်က နိုင်ငံတကာဟော်တယ်တိုက်ခိုက်မှု ၁၈ ဦးထက်မနည်း သေဆုံး


ကာဘူးလ်မြို့တော်က Intercontinental ဟော်တယ်တိုက်ခိုက်ခံရ
ကာဘူးလ်မြို့တော်က Intercontinental ဟော်တယ်တိုက်ခိုက်ခံရ

အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့တော်က Intercontinental ဟော်တယ်ကို စနေညနှောင်းပိုင်းက စီးနင်းတိုက်ခိုက်တာကို အာဖဂန်အစိုးရတပ်ဖွဲ့တွေက တနင်္ဂနွေနေ့မှာ ဖြိုခွဲလိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း နိုင်ငံခြားသား ၁၄ ဦးအပါအဝင် လူပေါင်း ၁၈ ယောက်ထက်မနည်း သေဆုံးပါတယ်။

KAM လေကြောင်းလိုင်းက လေယာဉ်မှူးငါးဦးအပါအဝင် ဝန်ထမ်း ၁၀ ဦး သေဆုံးသွားတယ်လို့ ပြောပါတယ်။ သေဆုံးသူတွေထဲ မှာ ဗင်နီဇွဲလားနိုင်ငံသားနှစ်ဦးနဲ့ ယူကရိန်းနိုင်ငံသား ခြောက်ဦးတို့လည်း ပါတယ်လို့ သတင်းတွေမှာပြောပါတယ်။

ဟော်တယ်ကို ဝင်တိုက်ပြီးစီးထားတာ ၁၄ နာရီနီးပါးကြာပြီး အဲဒီဖြစ်စဉ်အတွင်း တိုက်ခိုက်သူ ခြောက်ဦးဟာ သူတို့ကိုယ်သူတို့ ဖောက်ခွဲတာ ဒါမှမဟုတ် အာဖဂန်တပ်ဖွဲ့တွေက ပစ်ခတ်တာကြောင့် သေဆုံးသွားပါတယ်။

နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့ တိုက်ခိုက်သူဟာ သူ့ကိုဝိုင်းထားတဲ့ ဟော်တယ်ခြောက်ထပ်မှာ တနင်္ဂနွေနေ့လည်ပိုင်းမတိုင်ခင် သူ့ကိုယ်သူ ဖောက်ခွဲလိုက်တာကြောင့် အဲဒီခြောက်ထပ် မီးလောင်သွားတယ်လို့ အာဖဂန်ပြည်ထဲရေးဌာန ပြောခွင့်ရ Nasrat Rahimi က ဗွီအိုအေကိုပြောပါတယ်။

တိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြစ်တင်ရှုတ်ချပြီး ကျန်ရစ်သူမိသားစုတွေအတွက် ဝမ်းနည်းကြောင်းပြောပါတယ်။ ဒီတိုက်ခိုက်မှုကို သူတို့လက်ချက်လို့ တာလီဘန်တွေက ပြောပါတယ်။ အဲဒီဖြစ်စဉ်အတွင်း နိုင်ငံတကာတပ်ဖွဲ့တွေက အာဖဂန်တပ်ဖွဲ့တွေကို အထောက်အကူပြုပေးခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ထားပါတယ်။

ကာဘူးလ်က နိုင်ငံတကာဟော်တယ်တိုက်ခိုက်မှု ၁၈ ဦးထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG