သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာရဲတပ်ဖွဲ့ အာဏာရှင်အစိုးရတွေ လက်အောက်ရောက်မည့်အရေး လူ့အခွင့်အရေးအမားတွေစိုးရိမ်


အင်တာပိုလ် ရုံးချုပ် အဝင်။ ဓာတ်ပုံ - Associated Press နိုဝင်ဘာလ ၈၊ ၂၀၁၈။
အင်တာပိုလ် ရုံးချုပ် အဝင်။ ဓာတ်ပုံ - Associated Press နိုဝင်ဘာလ ၈၊ ၂၀၁၈။

(Zawgyi/ Unicode)

နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol ရဲ့ ခေါင်းဆောင်ပိုင်းသစ်ကို ရွေးချယ်ဖို့ ဒီသီတင်းပတ် အတွင်းမှာဘဲ တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့မှာ စည်းဝေးကြဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း Interpol ရဲ့ သြဇာကြီးတဲ့ ကမ ္ဘာတဝန်း ရဲဝန်ထမ်းများရဲ့ ကွန်ရက်ဟာ အာဏာရှင် အစိုးရတွေရဲ့ လက်အောက်ကို ကျရောက်သွားနိုင်ကြောင်းလည်း လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အနောက်နိုင်ငံတွေက လွှတ်တော် အမတ်တွေက သတိပေးနေကြပါတယ်။

ပြင်သစ် အခြေစိုက် Interpol ရဲ့ အထွေထွေညီလာခံကို တူရကီမှာ အင်္ဂါနေ့ ကျင်းပမှာဖြစ်ပြီး အဖွဲ့ကြီးရဲ့ ထိပ်ပိုင်း ရာထူးတွေ အတွက် ယှဉ်ပြိုင်နေကြသူတွေထဲမှာ တရုတ်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု တို့လို နိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။ နိုင်ငံရေး အတွက် အသုံးချခံမှာ မဟုတ်ဘူးလို့ နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol က ပြောပါတယ်။

ဒါပေမယ့်လည်း ဒီ ကိုယ်စားလှယ်တွေသာ အနိုင်ရသွားရင်တော့ မူးယစ်မှောင်ခိုတွေ၊ လူမှောင်ခိုတွေ၊ စစ်ရာဇဝတ်မှု သံသယ ရှိသူတွေ၊ အစွန်းရောက်ဝါဒီတွေလို့ စွပ်စွဲခံရသူတွေကို ဖော်ထုတ် ဖမ်းဆီးမယ့် အစား ပြည်ပမှာ တိမ်းရှောင်နေတဲ့ အတိုက်အခံတွေ၊ ပြည်တွင်းက နိုင်ငံရေး အတိုက်အခံတွေကို ဖမ်းဆီးရေး နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol ရဲ့ ကမ ္ဘာတလွှား ချိတ်ဆက်မှုကို သူတို့ နိုင်ငံတွေက အသုံးပြုလာမယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။

အထူးသဖြင့် ဝေဖန်ခံနေရတဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးကတော့ Interpol အကြီးအကဲ အဖြစ် ၄ နှစ်သက်တမ်း အတွက် ရွေးကောက်ခံရရေး ကြိုးစားနေတဲ့ အာရပ် စော်ဘွားများ ပြည်ထောင်စု UAE ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနမှာ စုံစမ်းရေးမှူးချုပ် ဖြစ်တဲ့ ဗိုလ်ချုပ် Ahmed Aaser al-Raisi နဲ့ Interpol ရဲ့ အမှုဆောင် ကော်မတီဝင် ကိုယ်စားလှယ်လောင်း ဖြစ်တဲ့ တရုတ် ပြည်သူ လုံခြုံရေး ဝန်ကြီးဌာနက အရာရှိ Hu Binchen တို့ ဖြစ်ပါတယ်။

အင်တာပိုလ်ရဲ့ ခေါင်းဆောင်ပိုင်းသစ်ကိုတော့ ကြာသပတေးနေ့မှာ မဲပေးကြမယ်လို့ ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)







XS
SM
MD
LG