Interpol လို့ခေါ်တဲ့နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် တောင်ကိုရီးယားနိုင်ငံက Kim Jong Yang ကိုအမေရိကန် ပြည်ထောင်စုက ထောက်ခံတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က မနေ့တုန်းကပဲပြောလိုက်ပါ တယ်။
Kim Jong Yang က Interpolအဖွဲ့မှာ ယာယီဥက္ကဌအဖြစ်တာဝန်ယူထားသူဖြစ်ပြီး ဒူဘိုင်းမှာကျင်းပနေတဲ့ Interpolအဖွဲ့ရဲ့နှစ်ပတ်လည်ညီလာခံရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ Interpol အဖွဲ့ရဲ့ခေါင်းဆောင်သစ်ကိုရွေးချယ်ကြပါလိမ့်မယ်။
Interpolအဖွဲ့ရဲ့ လက်ရှိဒုဥက္ကဌဖြစ်သူ Alexander Prokopchuk ဟာ ရုရှားနိုင်ငံကဖြစ်ပြီး သူ့ကိုလည်းခေါင်းဆောင်အဖြစ်ရွေးဖို့အလားအလာတွေရှိနေတာပါ။ အမေရိကန်အထက်လွှတ်တော် အမတ်လေးဦးကတော့ ရုရှားက Alexander Prokopchukကို ကန့်ကွက်ဖို့ သမ္မတထရမ့်အစိုးရကို တိုက်တွန်းတောင်းဆို ထားပါတယ်။
ရုရှားရဲ့ကိုယ်စားလှယ်ကိုအခုလိုကန့်ကွက်နေတာတွေက Interpol ဥက္ကဌရွေးကောက်ပွဲကိုဝင်ရောက်စွက် ဖက်တာပဲလို့ ရုရှားဘက်ကပြောပါတယ်။ Interpolအဖွဲ့ရဲ့ဥက္ကဌဖြစ်သူ တရုတ်နိုင်ငံက Meng Hongwei ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းတုန်းက တရုတ်နိုင်ငံကိုပြန်သွားတုန်း တရုတ်အစိုးရရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေခံနေရတာပါ။အဲဒါ ကြောင့်သူ့ရဲ့နေရာမှာ တောင်ကိုရီးယားနိုင်ငံက Kim Jong Yang က ယာယီဥက္ကဌအဖြစ် တာဝန်ယူနေတာပါ။