သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ မြန်မာအမှု ဗြိတိန်နဲ့ ငါးနိုင်ငံပါဝင်လာ


 နယ်သာလန်နိုင်ငံမှာရှိတဲ့ နိုင်ငံတကာ ခုံရုံး၊ ICJ
နယ်သာလန်နိုင်ငံမှာရှိတဲ့ နိုင်ငံတကာ ခုံရုံး၊ ICJ

ICJ နိုင်ငံတကာခုံရုံးမှာ ဂမ်ဘီယာက တင်သွင်းထားတဲ့ မြန်မာနိုင်ငံအမှုမှာ ဂမ်ဘီယာနိုင်ငံဘက်ကနေ ပူးတွဲပါဝင်ဆောင်ရွက်တယ်ဆိုပြီး ဗြိတိန်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီနဲ့ နယ်သာလန်နိုင်ငံတို့က ထုတ်ပြန်ကြေညာပါတယ်။

မြန်မာစစ်တပ်ရဲ့ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်ပြီး မြန်မာနိုင်ငံကပါ ပါဝင်လက်မှတ်ထိုးထားတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတားမြစ်ရေးဆိုင်ရာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တာဆိုပြီး ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတကာခုံရုံးကို အမှုတင်သွင်းထားတာပါ။

အဲဒီသဘောတူညီချက်အရဆိုရင် လက်မှတ်ထိုးထားတဲ့နိုင်ငံတွေအနေနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးဟန့်တားရမှာဖြစ်သလို ကျူးလွန်သူတွေကိုလည်း အပြစ်ပေးအရေးယူဖို့ တာဝန်ရှိပါတယ်။ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီဝတ္တရားကို ပျက်ကွက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆို အမှုတင်ခဲ့တာပါ။ ကုလသမဂ္ဂအဖွဲ့အစည်းကြီးရဲ့ လက်တံတခုအနေနဲ့ရှိတဲ့ တရားရုံးအနေနဲ့ ဒီအငြင်းပွားမှုကို ငြိမ်းချမ်းစွာဖြေရှင်းကိုင်တယ်ဖို့ လိုအပ်ချက်ကိုလည်း အခုပူးတွဲထုတ်ပြန်တဲ့ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နဲ့ ဗြိတိန်နိုင်ငံတို့က ထောက်ပြထားပါတယ်။

အခုလို ပူးတွဲထုတ်ပြန်ချက်အပေါ် ဗြိတိန်အခြေစိုက် Burma Campaign UK က ကြိုဆိုလိုက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကိုပေးနေတဲ့ အကူအညီ ဖြတ်တောက်မှုကို ပြန်လည်သုံးသပ်ပေးဖို့လည်း ဗြိတိန်အစိုးရကို တိုက်တွန်းတောင်းဆိုသွားပါတယ်။ ICJ အမှုနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က ပြန်လည်ချေပ အစီရင်ခံတင်သွင်းရမယ့်ရက်မှာ မြန်မာစစ်ကောင်စီက ရက်ရွှေ့ပေးဖို့တောင်းဆိုထားတာကြောင့် လတ်တလောမှာ ICJ ဘက်က မြန်မာစစ်ကောင်စီတင်သွင်းမယ့် အစီရင်ခံစာကို နောက်ဆုံးသတ်မှတ်ရက်ရွှေ့ဆိုင်းထားပေးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG