(Zawgyi/Unicode)
.........................
(Unicode)
NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနဲ့ ဆက်သွယ်မေးမြန်းချက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို လက်ရှိထက် ပိုပြီးကျယ်ပျံ့တဲ့၊ အားလုံးပါဝင်တဲ့ စုဖွဲ့မှုဖြစ်လာဖို့ အလားအလာ အင်မတန်ကောင်းတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက ဗွီအိုအေနဲ့ သီးခြားဆက်သွယ်မေးမြန်းခန်းမှာ ပြောသွားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းရေးကိစ္စက ဖြစ်နိုင်ခြေ ရှိမရှိဆိုတာထက် လက်ရှိတိုင်းပြည်အခြေအနေအရ လိုအပ်ချက်ဖြစ်တဲ့အတွက် ဖြစ်မြောက်အောင် ဆောင်ရွက်သွားမယ်လို့လည်း NUG ရဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦးအဖြစ် ခန့်အပ်ခံရပြီးတဲ့နောက် ပထမဆုံးလုပ်တဲ့ ဗွီအိုအေနဲ့ မေးမြန်းခန်းမှာ ဒေါက်တာလျန်မှုန်းက ပြောသွားပါတယ်။
အင်တာနက်ဆက်သွယ်ရေး အခက်အခဲကြောင့် တချို့နေရာတွေမှာ အသံပြတ်တောက်တာနဲ့ မရှင်းလင်းတဲ့အပေါ် တောင်းပန်ပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်