သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

iPhone အသစ် Apple ထုတ်ပြန်


iPhone အသစ် Apple ထုတ်ပြန်
iPhone အသစ် Apple ထုတ်ပြန်

ကမ္ဘာကျော် Apple ကုမ္ပဏီဟာ အဂီါနေ့မှာ သူ့ရဲ့ နောက်ဆုံး iPhone အမျိုးအစားကို ထုတ်ပြန်ခဲ့ပါတယ်။ iPhone 11 လို့ ခေါ်တဲ့ အဲဒီ နောက်ဆုံးထုတ် စမတ်ဖုန်းဟာ အရင် Model တွေနဲ့ သိပ် အများကြီး မကွာပေမဲ့ Triple Camera သုံးဖက်မြင် ကင်မရာကိုတပ်ဆင်ထားပါတယ်။ အဲဒီ ကင်မရာကို ပြိုင်ဘက် ဆမ်ဆောင်းနဲ့ ဟွာဟွေဖုန်းတွေမှာ ပါရှိပြီးသား ဖြစ်ပါတယ်။

အခု နောက်ဆုံးထုတ် iPhone 11 ဟာ အရင်နှစ်က ထုတ်လုပ်ခဲ့တဲ့ iPhone ထက် ဈေးပို သက်သာပြီး အဲဒီ ဖုန်း အသစ်ကို ဝယ်ယူသူတွေ အနေနဲ့ Apple ကုမ္ပဏီရဲ့ TV Plus ဗီဒီယို အင်တာနက်လိုင်းကို နိုဝင်ဘာလကစလို့ တစ်နှစ် အခမဲ့ သုံးစွဲခွင့်ရမှာ ဖြစ်ပါတယ်။

ဒီလို စမတ်ဖုန်း အသစ် ထုတ်ပြန်ကြေညာပြီးတဲ့နောက် နယူးယောက် Wall Street မှာ Apple ကုမ္ပဏီရဲ့ အစုရှယ်ယာ တန်ဖိုး ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ဒါပေမဲ့ Apple ရဲ့ အဓိက အစု ရှယ်ယာပိုင်ရှင်အုပ်စုဖြစ်တဲ့ Capital Investment Counsel က စီးပွားရေး ပညာရှင်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ Hal Eddins ကတော့ အခု iPhone အသစ်ဟာ သိပ် စိတ်လှုပ်ရှား စရာ မကောင်းကြောင်း၊ ဒါပေမဲ့ ဗီဒီယို ရုပ်ရှင် အင်တာနက်လိုင်း ဈေးနှုန်း ချိုတာကြောင့် ဝယ်ယူသူတွေ ရှိလာမှာ ဖြစ်ကြောင်း ပြောပါတယ်။

အင်တာနက်တစ်ဆင့် ဗီဒီယို ရုပ်ရှင် ကြည့်ရှုနိုင်တဲ့ Apple ရဲ့ TV Plus ကြောင့် အင်တာနက်က ဗွီဒီယို ဝန်ဆောင်မှု ပေးနေတဲ့ Netflix လို့ ကုမ္ပဏီတွေအနေနဲ့ အသုံးပြုသူ သန်းပေါင်း ရာချီ ရရှိနိုင်ပါတယ်။

Apple ကုမ္ပဏီကလည်း လစဉ်ကြေး ၅ ဒေါ်လာသာပေးရတဲ့ သူ့ရဲ့ ဝန်ဆောင်မှုဟာ Apple ဖုန်းတွေဆီကို သုံးစွဲသူတွေ ဆက်လက် အသုံးပြုဖို့ အထောက်အကူပြုမယ်လို့ မျှော်လင့်နေပါတယ်။ Apple ကုမ္ပဏီဟာ ဗီဒီယို ဂိမ်း စက်အသစ်နဲ့ Apple Watch နဲ့ iPad အမျိုးအစား အသစ်တွေကို ဒီလနှောင်းပိုင်းမှာ ထုတ်ပြန်ဖို့ ရှိပါတယ်။

iPhone အသစ် Apple ထုတ်ပြန်
please wait

No media source currently available

0:00 0:00:37 0:00
တိုက်ရိုက် လင့်ခ်



XS
SM
MD
LG