သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္ေသဒဏ္ေပးကြက္မ်က္မႈ ခ်က္ျခင္းရပ္ဖို႔ EU ေတာင္းဆို


Protest against the Islamic regime of Iran following the death of Mahsa Amini, in Istanbul

အီရန္ႏိုင္ငံမွာဆႏၵျပမႈနဲ႔ပတ္သက္ၿပီး ေသဒါဏ္ေပးခံရသူေတြထဲက ၂ ဦးကို စေနေန႔တုန္းကထပ္မံကြက္မ်က္လိုက္တဲ့ အတြက္ EU ဥေရာပသမဂၢအေနနဲ႔ စိုးရိမ္ထိတ္လန္႔မိေၾကာင္းနဲ႔ အီရန္အစိုးရအေနနဲ႔ ေသဒါဏ္ေပးတာေတြနဲ႔ကြက္မ်က္ ေတြကိုခ်က္ျခင္းရပ္ဖို႔ေတာင္းဆိုလိုက္ပါတယ္။

Zawgyi

အီရန္ေသဒဏ္ေပးကြက္မ်က္မႈ ခ်က္ျခင္းရပ္ဖို႔ EU ေတာင္းဆို

အီရန္ႏိုင္ငံမွာဆႏၵျပမႈနဲ႔ပတ္သက္ၿပီး ေသဒါဏ္ေပးခံရသူေတြထဲက ၂ ဦးကို စေနေန႔တုန္းကထပ္မံကြက္မ်က္လိုက္တဲ့ အတြက္ EU ဥေရာပသမဂၢအေနနဲ႔ စိုးရိမ္ထိတ္လန္႔မိေၾကာင္းနဲ႔ အီရန္အစိုးရအေနနဲ႔ ေသဒါဏ္ေပးတာေတြနဲ႔ကြက္မ်က္ ေတြကိုခ်က္ျခင္းရပ္ဖို႔ေတာင္းဆိုလိုက္ပါတယ္။

စေနေန႔တုန္းက Mohammad Mehdi Karami နဲ႔ Seyyed Mohammad Hosseini တို႔ကို ကြက္မ်က္လိုက္တဲ့အတြက္ လြန္စြာတုန္လႈပ္မိတယ္လို႔ ဥေရာပသမဂၢႏိုင္ငံျခားေရးဌာနေျပာေရးဆိုခြင့္ရွိသူ Josep Borell ကေၾကျငာခ်က္ထုတ္ျပန္ ေျပာဆိုပါတယ္။

ဒါဟာ အရပ္သားေတြရဲ႔ဆႏၵျပမႈအေပၚ အီရန္အာဏာပိုင္ေတြရဲ႔ အၾကမ္းဖက္ဖိႏွိပ္မႈကို ေနာက္ထပ္သက္ေသျပလိုက္တာ ဘဲျဖစ္တယ္လို႔လည္း Josep Borell ကေျပာဆိုပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလထဲတုန္းကလည္း ဆႏၵျပမႈနဲ႔ပတ္သက္ၿပီး ၂ ဦးကိုႀကိဳးေပးသတ္ခဲ့တဲ့အတြက္ တကမ႓ာလုံးက စိတ္ဆိုးေဒါသထြက္ခဲ့ၾကပါတယ္။

အီရန္ႏိုင္ငံမွာ စက္တက္ဘာလအတြင္ အသက္ ၂၂ အရြယ္ကဒ္လူမ်ိဳးစု၀င္ အမ်ိဳးသမီး မာရွာအာမနီ ကိုဘာသာေရးရဲ ေတြကဖမ္းဆီးထားစဥ္ေသဆုံးခဲ့တာကိုမေၾကနပ္ရာကစတင္ခဲ့တဲ့ အစိုးရဆန္႔က်င္ေရးဆႏၵျပပဲြေတြဆက္လက္ျဖစ္ေပၚေန ၿပီး၊ အီရန္အာဏာပိုင္ေတြက လူေတြေထာင္နဲ႔ေသာင္းနဲ႔ခ်ီဖမ္းဆီးခဲ့ၿပီး၊ ဒါဇင္နဲ႔ခ်ီတဲ့သူေတြကိုေသဒါဏ္အပစ္ခ်မွတ္ထား ပါတယ္။

ျပည္ပအေျခစိုက္အီရန္လူ႔အခြင့္အေရးအဖဲြ႕ေတြက ေနာက္ထပ္ေသဒါဏ္ေပးကြက္မ်က္မႈေတြပိုတိုးလာႏိုင္တယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္း ကတည္းကသတိေပးေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

##

Unicode

အီရန်သေဒဏ်ပေးကွက်မျက်မှု ချက်ခြင်းရပ်ဖို့ EU တောင်းဆို

အီရန်နိုင်ငံမှာဆန္ဒပြမှုနဲ့ပတ်သက်ပြီး သေဒါဏ်ပေးခံရသူတွေထဲက ၂ ဦးကို စနေနေ့တုန်းကထပ်မံကွက်မျက်လိုက်တဲ့ အတွက် EU ဥရောပသမဂ္ဂအနေနဲ့ စိုးရိမ်ထိတ်လန့်မိကြောင်းနဲ့ အီရန်အစိုးရအနေနဲ့ သေဒါဏ်ပေးတာတွေနဲ့ကွက်မျက် တွေကိုချက်ခြင်းရပ်ဖို့တောင်းဆိုလိုက်ပါတယ်။

စနေနေ့တုန်းက Mohammad Mehdi Karami နဲ့ Seyyed Mohammad Hosseini တို့ကို ကွက်မျက်လိုက်တဲ့အတွက် လွန်စွာတုန်လှုပ်မိတယ်လို့ ဥရောပသမဂ္ဂနိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ Josep Borell ကကြေငြာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ဒါဟာ အရပ်သားတွေရဲ့ဆန္ဒပြမှုအပေါ် အီရန်အာဏာပိုင်တွေရဲ့ အကြမ်းဖက်ဖိနှိပ်မှုကို နောက်ထပ်သက်သေပြလိုက်တာ ဘဲဖြစ်တယ်လို့လည်း Josep Borell ကပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲတုန်းကလည်း ဆန္ဒပြမှုနဲ့ပတ်သက်ပြီး ၂ ဦးကိုကြိုးပေးသတ်ခဲ့တဲ့အတွက် တကမ္ဘာလုံးက စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။

အီရန်နိုင်ငံမှာ စက်တက်ဘာလအတွင် အသက် ၂၂ အရွယ်ကဒ်လူမျိုးစုဝင် အမျိုးသမီး မာရှာအာမနီ ကိုဘာသာရေးရဲ တွေကဖမ်းဆီးထားစဉ်သေဆုံးခဲ့တာကိုမကြေနပ်ရာကစတင်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေဆက်လက်ဖြစ်ပေါ်နေ ပြီး၊ အီရန်အာဏာပိုင်တွေက လူတွေထောင်နဲ့သောင်းနဲ့ချီဖမ်းဆီးခဲ့ပြီး၊ ဒါဇင်နဲ့ချီတဲ့သူတွေကိုသေဒါဏ်အပစ်ချမှတ်ထား ပါတယ်။

ပြည်ပအခြေစိုက်အီရန်လူ့အခွင့်အရေးအဖွဲ့တွေက နောက်ထပ်သေဒါဏ်ပေးကွက်မျက်မှုတွေပိုတိုးလာနိုင်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း ကတည်းကသတိပေးပြောဆိုထားပါတယ်။

XS
SM
MD
LG