သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံ အီရန္႐ုပ္ရွင္သ႐ုပ္ေဆာင္ အာမခံနဲ႔ျပန္လြတ္


(Zawgyi / Unicode)

အီရန္ႏိုင္ငံမွာ အစိုးရဆန္႔က်င္ေရး ဆႏၵျပပဲြေတြကို ေထာက္ခံခဲ့ၿပီး အၾကမ္းဖက္ႏွိမ္နင္းတာေတြကို ေ၀ဖန္ခဲ့တဲ့ အတြက္ ဖမ္းဆီးခံခဲ့ရတဲ့ ထင္ရွားတဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္တာရာနဲအလီဒူစတီ ျပန္လြတ္လာေၾကာင္း အီရန္ႏုိင္ငံက သတင္းေတြက ေဖာ္ျပပါတယ္။

ေအာ္စကာဆုရရွိခဲ့တဲ့ The Salesman ႐ုပ္ရွင္မွာ သ႐ုပ္ေဆာင္ မင္းသမီးအျဖစ္ ပါ၀င္ခဲ့ဖူးတဲ့ အသက္ ၃၈ ႏွစ္အရြယ္ တာရာနဲအလီဒူစတီကုိ အာမခံနဲ႔ လႊတ္ေပးလုိက္တာျဖစ္ေၾကာင္း အစုိးရအာေဘာ္ FARS သတင္းဌာနက ေဖာ္ျပခဲ့တာပါ။ သူျပန္လြတ္လာေတာ့မယ့္အေၾကာင္း မိခင္ျဖစ္သူကလည္း အေစာပုိင္းမွာ တြစ္တာ လူမႈကြန္ရက္ကေန ေျပာဆုိခဲ့ပါတယ္။

နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ တဟီရန္ၿမိဳ႕ေတာ္က အီဗင္အက်ဥ္းေထာင္မွာ ၃ ပတ္ၾကာ ထိန္းသိမ္းခံခဲ့ရၿပီးေနာက္ လြတ္ေျမာက္လာတဲ့ အီရန္သ႐ုပ္ေဆာင္မင္းသမီးက မိတ္ေဆြ တခ်ိဳ႕နဲ႔ အတူ ပန္းေတြနဲ႔ ဓာတ္ပံု ႐ိုက္ထားတာ ေတြ႕ရေပမဲ႔ တျခား အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ မသိရပါဘူး။

ဆႏၵျပပဲြေတြနဲ႔ ပတ္သက္ၿပီး ေသဒဏ္ေပးခံခဲ့ရတဲ့ မိုဆန္ရွီကာရီကို ဒီဇင္ဘာလ ၉ ရက္ေန႔တုန္းက ပထမဆုံး ေသ ဒဏ္စီရင္ ကြပ္မ်က္ခဲ႔တုန္းက သ႐ုပ္ေဆာင္မင္းသမီးတာရာနဲက အဲဒီ ကြပ္မ်က္ခံရသူနဲ႔ အတူ စည္းလုံးညီၫြတ္စြာ ရပ္တည္တယ္လို႔ သူ႔ရဲ႕ လူမႈကြန္ရက္မွာ ေဖၚျပခဲ့ပါတယ္။ ဒါ့အျပင္ဆႏၵျပပဲြေတြကို ေထာက္ခံတဲ့ အေၾကာင္းေတြကိုလည္း သူ႔ရဲ႕ လူမႈကြန္ရက္မွာ ေဖၚျပခဲ့ပါတယ္။

သူဟာ ၂၀၂၀ ျပည့္ႏွစ္တုန္းကလည္း ေခါင္းစည္း ပုဝါခၽြတ္ပစ္ခဲ့တဲ့ အမ်ိဳးသမီးတဦးကို ရဲက ႐ိုက္ႏွက္ခဲ့တာကို ေ၀ဖန္ခဲ့တဲ့အတြက္ ဆိုင္းငံ႔ ေထာင္ဒဏ္ ၅ လ ခ်ခံရဖူးပါတယ္။
အသက္ ၂၂ အရြယ္ မာရွာအာမနီကို ေခါင္းစည္းပုဝါ ကိစၥနဲ႔ ဘာသာေရးရဲေတြက ဖမ္းဆီးထားစဥ္ ေသဆုံးခဲ့ရတာကို မေက်နပ္ရာက စခဲ့တဲ့ အစိုးရဆန္႔က်င္ေရး ဆႏၵျပပဲြေတြ အီရန္ႏိုင္ငံမွာ ဆက္တိုက္ျဖစ္ေပၚခဲ့တဲ့တာ ၄ လနီးပါးရွိၿပီျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ တာရာနဲအလီဒူစတီဟာ ဒီဆႏၵျပပဲြေတြကို ေထာက္ခံတဲ့ အီရန္အႏုပညာရွင္ေတြထဲက တဦးျဖစ္ပါတယ္။ အီရန္ႏိုင္ငံမွာ ဆႏၵျပပဲြေတြကို အၾကမ္း ဖက္ ႏွိမ္နင္းခဲ့တဲ့တြက္ ၅၁၆ ဦးေသဆုံးခဲ့ၿပီး ၁၉,၀၀၀ ေက်ာ္အဖမ္းခံ ထားရတယ္လို႔ လူ႔အခြင့္အေရးအဖဲြ႕ေတြက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဖမ်းဆီးခံ အီရန်ရုပ်ရှင်သရုပ်ဆောင် အာမခံနဲ့ပြန်လွတ်

အီရန်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ထောက်ခံခဲ့ပြီး အကြမ်းဖက်နှိမ်နင်းတာတွေကို ဝေဖန်ခဲ့တဲ့ အတွက် ဖမ်းဆီးခံခဲ့ရတဲ့ ထင်ရှားတဲ့ ရုပ်ရှင်သရုပ်ဆောင်တာရာနဲအလီဒူစတီ ပြန်လွတ်လာကြောင်း အီရန်နိုင်ငံက သတင်းတွေက ဖော်ပြပါတယ်။

အော်စကာဆုရရှိခဲ့တဲ့ The Salesman ရုပ်ရှင်မှာ သရုပ်ဆောင် မင်းသမီးအဖြစ် ပါဝင်ခဲ့ဖူးတဲ့ အသက် ၃၈ နှစ်အရွယ် တာရာနဲအလီဒူစတီကို အာမခံနဲ့ လွှတ်ပေးလိုက်တာဖြစ်ကြောင်း အစိုးရအာဘော် FARS သတင်းဌာနက ဖော်ပြခဲ့တာပါ။ သူပြန်လွတ်လာတော့မယ့်အကြောင်း မိခင်ဖြစ်သူကလည်း အစောပိုင်းမှာ တွစ်တာ လူမှုကွန်ရက်ကနေ ပြောဆိုခဲ့ပါတယ်။

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တဟီရန်မြို့တော်က အီဗင်အကျဉ်းထောင်မှာ ၃ ပတ်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် လွတ်မြောက်လာတဲ့ အီရန်သရုပ်ဆောင်မင်းသမီးက မိတ်ဆွေ တချို့နဲ့ အတူ ပန်းတွေနဲ့ ဓာတ်ပုံ ရိုက်ထားတာ တွေ့ရပေမဲ့ တခြား အသေးစိတ် အချက်အလက်တွေကိုတော့ မသိရပါဘူး။

ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး သေဒဏ်ပေးခံခဲ့ရတဲ့ မိုဆန်ရှီကာရီကို ဒီဇင်ဘာလ ၉ ရက်နေ့တုန်းက ပထမဆုံး သေ ဒဏ်စီရင် ကွပ်မျက်ခဲ့တုန်းက သရုပ်ဆောင်မင်းသမီးတာရာနဲက အဲဒီ ကွပ်မျက်ခံရသူနဲ့ အတူ စည်းလုံးညီညွတ်စွာ ရပ်တည်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ဖေါ်ပြခဲ့ပါတယ်။ ဒါ့အပြင်ဆန္ဒပြပွဲတွေကို ထောက်ခံတဲ့ အကြောင်းတွေကိုလည်း သူ့ရဲ့ လူမှုကွန်ရက်မှာ ဖေါ်ပြခဲ့ပါတယ်။

သူဟာ ၂၀၂၀ ပြည့်နှစ်တုန်းကလည်း ခေါင်းစည်း ပုဝါချွတ်ပစ်ခဲ့တဲ့ အမျိုးသမီးတဦးကို ရဲက ရိုက်နှက်ခဲ့တာကို ဝေဖန်ခဲ့တဲ့အတွက် ဆိုင်းငံ့ ထောင်ဒဏ် ၅ လ ချခံရဖူးပါတယ်။
အသက် ၂၂ အရွယ် မာရှာအာမနီကို ခေါင်းစည်းပုဝါ ကိစ္စနဲ့ ဘာသာရေးရဲတွေက ဖမ်းဆီးထားစဉ် သေဆုံးခဲ့ရတာကို မကျေနပ်ရာက စခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အီရန်နိုင်ငံမှာ ဆက်တိုက်ဖြစ်ပေါ်ခဲ့တဲ့တာ ၄ လနီးပါးရှိပြီဖြစ်ပါတယ်။

သရုပ်ဆောင် တာရာနဲအလီဒူစတီဟာ ဒီဆန္ဒပြပွဲတွေကို ထောက်ခံတဲ့ အီရန်အနုပညာရှင်တွေထဲက တဦးဖြစ်ပါတယ်။ အီရန်နိုင်ငံမှာ ဆန္ဒပြပွဲတွေကို အကြမ်း ဖက် နှိမ်နင်းခဲ့တဲ့တွက် ၅၁၆ ဦးသေဆုံးခဲ့ပြီး ၁၉,၀၀၀ ကျော်အဖမ်းခံ ထားရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG