သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္ေဘာလံုးအသင္းရံႈးနိမ့္မႈ အတြက္ ေပ်ာ္ရႊင္ေလွာင္ေျပာင္သူ ပစ္သတ္ခံရ


Mehran Samak Iranian protester killed

ကမ႓ာ့ဖလားေဘာ္လုံးပဲြမွာ အီရန္အသင္း ရႈံးနိမ့္သြားတာကို ေပ်္ာရႊင္ပဲြက်င္းပေနစဥ္ ကားဟြန္းတီးတဲ့အတြက္ လုံျခဳံေရးတပ္ဖဲြ႔ေတြ ပစ္သတ္တာကိုခံသြားရသူ အတြက္ ၀မ္းနည္းတဲ့ အထိမ္းအမွတ္နဲ႔ Bandar Anzali ၿမိဳ႔မွာ ရာနဲ႔ခ်ီတဲ့သူေတြ စုံ႐ုံးခဲ့ၾကတယ္လို႔ အီရန္အေရးလႈပ္ရွားေနတဲ့ လူ႔အခြင့္အေရးအဖဲြ႔ က ေျပာပါတယ္။   

အီရန္ေဘာလံုးအသင္းရံႈးနိမ့္မႈ အတြက္ ေပ်ာ္ရႊင္ေလွာင္ေျပာင္သူ ပစ္သတ္ခံရ

{{Zawgyi/Unicode}}
ကမ႓ာ့ဖလားေဘာ္လုံးပဲြမွာ အီရန္အသင္း ရႈံးနိမ့္သြားတာကို ေပ်္ာရႊင္ပဲြက်င္းပေနစဥ္ ကားဟြန္းတီးတဲ့အတြက္ လုံျခဳံေရးတပ္ဖဲြ႔ေတြ ပစ္သတ္တာကိုခံသြားရသူ အသက္ ၂၇ ႏွစ္အရြယ္ အမ်ိဳးသား လူငယ္တဦးအတြက္ ၀မ္းနည္းတဲ့ အထိမ္းအမွတ္နဲ႔ ေသာၾကာေန႔က အီရန္ အေနာက္ေျမာက္ေဒသက Bandar Anzali ၿမိဳ႔မွာ ရာနဲ႔ခ်ီတဲ့သူေတြ စုံ႐ုံးခဲ့ၾကတယ္လို႔ အီရန္အေရးလႈပ္ရွားေနတဲ့ လူ႔အခြင့္အေရးအဖဲြ႔ က ေျပာပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန႔က အီရန္နဲ႔ အေမရိကန္အသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကရာမွာ အီရန္အသင္းက ၁ ဂိုး၊ ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ အီရန္ႏိုင္ငံကိုယ္စားျပဳ ေဘာလုံးအသင္းကို အီရန္ျပည္သူေတြအၾကား အားေပးေထာက္ခံမႈ ကဲြျပားပါတယ္။ အေတာ္မ်ားမ်ားက အီရန္ေဘာလုံးအသင္းကို အစိုးရ ေဘာလုံးသင္းလို႔ ရႈ႕ျမင္ၾကတဲ့အတြက္ အားမေပးၾကပါဘူး။

အမ်ိဳးသမီးငယ္ မာရွာ အာမနီ ေသဆုံးမႈကို အေၾကာင္းျပဳၿပီး အစိုးရ ဆန္က်င္ေရး ဆႏၵျပပဲြ လနဲ႔ခ်ီ ဆက္လက္ျဖစ္ေပၚေနခဲ့ၿပီး၊ ဒီဆႏၵျပပဲြေတြကို အီရန္အစိုးရက အၾကမ္းဖက္ႏွိမ္နင္းခဲ့တဲ့အတြက္ ရာနဲ႔ခ်ီ ေသဆုံးခဲ့ပါတယ္။

ေနာ္ေ၀ႏိုင္ငံအေျခစိုက္ အီရန္လူ႔အခြင့္အေရးအဖဲြ႔ က ေသာၾကာေန႔ က ရာနဲ႔ခ်ီတဲ့ သူေတြစုေ၀းခဲ့တဲ့ မွတ္တမ္း ဗြီဒီယိုကို လူမႈကြန္ယက္ စာမ်က္ႏွာေတြမွာ ေဖၚျပခဲ့သလို၊ AFP သတင္းဌာနကလည္း ဒီစု႐ုံးမႈ အေၾကာင္းကိုေဖၚျပခဲ့ပါတယ္။

ေသဆုံးသူ Mehran Samak ကို ဗုဒၶဟူးေန႔က သၿဂႋဳလ္ခဲ့ၿပီး၊ ၾကာသပေတးနဲ႔ ေသာၾကာေန႔ေတြမွာ ဆႏၵျပစုရံုံးမႈေတြ ဆက္လက္ျဖစ္ေပၚခဲ့ပါတယ္။

အီရန္ႏိုင္ငံ ေဘာလုံးအသင္းက ကစားသမား Saeid Ezatolahi ကေတာ့ ေသဆုံးသူ Samak ဟာ သူ႔ရဲ႔ငယ္သူငယ္ခ်င္း ျဖစ္တယ္ဆိုကာ ငယ္စဥ္ကအတူတဲြ႐ိုက္ထားတဲ့ ဓာတ္ပုံကို လူမႈကြန္ယက္ စာမ်က္ႏွာမွာေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

အီရန်ဘောလုံးအသင်းရှုံးနိမ့်မှု အတွက် ပျော်ရွှင်လှောင်ပြောင်သူ ပစ်သတ်ခံရ

{{Zawgyi/Unicode}}
ကမ္ဘာ့ဖလားဘော်လုံးပွဲမှာ အီရန်အသင်း ရှုံးနိမ့်သွားတာကို ပျေ်ာရွှင်ပွဲကျင်းပနေစဉ် ကားဟွန်းတီးတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေ ပစ်သတ်တာကိုခံသွားရသူ အသက် ၂၇ နှစ်အရွယ် အမျိုးသား လူငယ်တဦးအတွက် ဝမ်းနည်းတဲ့ အထိမ်းအမှတ်နဲ့ သောကြာနေ့က အီရန် အနောက်မြောက်ဒေသက Bandar Anzali မြို့မှာ ရာနဲ့ချီတဲ့သူတွေ စုံရုံးခဲ့ကြတယ်လို့ အီရန်အရေးလှုပ်ရှားနေတဲ့ လူ့အခွင့်အရေးအဖွဲ့ က ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က အီရန်နဲ့ အမေရိကန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာမှာ အီရန်အသင်းက ၁ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အီရန်နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းကို အီရန်ပြည်သူတွေအကြား အားပေးထောက်ခံမှု ကွဲပြားပါတယ်။ အတော်များများက အီရန်ဘောလုံးအသင်းကို အစိုးရ ဘောလုံးသင်းလို့ ရှု့မြင်ကြတဲ့အတွက် အားမပေးကြပါဘူး။

အမျိုးသမီးငယ် မာရှာ အာမနီ သေဆုံးမှုကို အကြောင်းပြုပြီး အစိုးရ ဆန်ကျင်ရေး ဆန္ဒပြပွဲ လနဲ့ချီ ဆက်လက်ဖြစ်ပေါ်နေခဲ့ပြီး၊ ဒီဆန္ဒပြပွဲတွေကို အီရန်အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အတွက် ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

နော်ဝေနိုင်ငံအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ က သောကြာနေ့ က ရာနဲ့ချီတဲ့ သူတွေစုဝေးခဲ့တဲ့ မှတ်တမ်း ဗွီဒီယိုကို လူမှုကွန်ယက် စာမျက်နှာတွေမှာ ဖေါ်ပြခဲ့သလို၊ AFP သတင်းဌာနကလည်း ဒီစုရုံးမှု အကြောင်းကိုဖေါ်ပြခဲ့ပါတယ်။

သေဆုံးသူ Mehran Samak ကို ဗုဒ္ဓဟူးနေ့က သင်္ဂြိုလ်ခဲ့ပြီး၊ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ဆန္ဒပြစုရုံံးမှုတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။

အီရန်နိုင်ငံ ဘောလုံးအသင်းက ကစားသမား Saeid Ezatolahi ကတော့ သေဆုံးသူ Samak ဟာ သူ့ရဲ့ငယ်သူငယ်ချင်း ဖြစ်တယ်ဆိုကာ ငယ်စဉ်ကအတူတွဲရိုက်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ယက် စာမျက်နှာမှာဖေါ်ပြထားပါတယ်။

XS
SM
MD
LG