သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟူသီတိုက်ခိုက်မှုတွေမှာ အီရန်တိုက်ရိုက်ပတ်သက်ဟု ကန်ရေတပ်တပ်မှူးပြော


ရေတပ် တပ်မဟာ ၅ ရဲ့အကြီးအကဲ ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဘရက်ကူးပါး (Brad Cooper)
ရေတပ် တပ်မဟာ ၅ ရဲ့အကြီးအကဲ ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဘရက်ကူးပါး (Brad Cooper)

ယီမင်နိုင်ငံ ဟူသီသူပုန်တွေက သင်္ဘောတွေကိုတိုက်ခိုက်ခဲ့ရာမှာ အီရန်နိုင်ငံက အလွန့်ကို တိုက်ရိုက်ကျကျ ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်ရေတပ် အရှေ့အလယ်ပိုင်းဒေသ တပ်မှူးက တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။

အရင်တုန်းက ပါရှန်ပင်လယ်ကွေ့နဲ့ ဟော်မို့ဇ် ရေလက်ကြားအထိပဲ ခြိမ်းခြောက်နေရာကနေ အရှေ့အလယ်ပိုင်းရေပြင်အထိ အီရန်နဲ့ဆက်စပ်နေတဲ့ တိုက်ခိုက်မှုတွေက ချဲ့လာခဲ့တယ်လို့ ရေတပ် တပ်မဟာ ၅ ရဲ့အကြီးအကဲ ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဘရက်ကူးပါးက ပြောပါတယ်။ သူတို့က နိုင်ငံတကာ အသိုက်အဝန်းကို တိုက်ခိုက်နေကြတာဖြစ်ပြီး နိုင်ငံတကာတုံ့ပြန်မှုကိုလည်း မြင်နေရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

အမေရိကန်အလံတင်ထားတဲ့ သင်္ဘောတွေကိုပဲ တိုက်ခိုက်တာဖြစ်တယ်လို့ ဟူသီခေါင်းဆောင်ပိုင်းက နောက်ပိုင်းမှာပြောပေမဲ့ ဒါကို သီးခြားအတည်ပြုဖို့တော့ ခက်ပါတယ်။ အီဂျစ်က ဆူးအက်စ်တူးမြောင်းကိုရောက်တဲ့ ရေလမ်းမှာ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီတွေက နိုဝင်ဘာလ ကတည်းက ၃၄ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

ဟူသီစစ်သွေးကြွတွေဟာ ရှီအာ သူပုန်အုပ်စုဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ယီမင်နိုင်ငံရဲ့မြို့တော် ဆာနားကို သိမ်းပိုက်ထားခဲ့ပါတယ်။ အဝေးရောက် ယီမင်အစိုးရကိုထောက်ခံတဲ့ ဆော်ဒီအာရေဗျဦးဆောင်တဲ့မဟာမိတ်အဖွဲ့နဲ့ ဟူသီတွေက ၂၀၁၅ ကတည်းက စစ်ဖြစ်နေခဲ့ကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG