သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူရေနီယံ သန့်စင်မှုတွေ အီရန် တိုးလုပ်ဖို့ပြင်


အီရန်နိုင်ငံပိုင်သတင်းဌာနကထုတ်ပြန်တဲ့ ယူရေနီယံသန့်စင်စက်ရုံအတွင်းပိုင်းမြင်ကွင်း (ဧပြီ ၁၇၊ ၂၀၂၁)
အီရန်နိုင်ငံပိုင်သတင်းဌာနကထုတ်ပြန်တဲ့ ယူရေနီယံသန့်စင်စက်ရုံအတွင်းပိုင်းမြင်ကွင်း (ဧပြီ ၁၇၊ ၂၀၂၁)

အီရန်နိုင်ငံရဲ့ အဓိက နျူကလီးယား စက်ရုံကြီးနှစ်ခုဖြစ်တဲ့ Fordo နဲ့ Natanz မှာ အဆင့်မြင့် ဗဟိုအားခွာစက်တွေ ထောင်နဲ့ချီ သုံးပြီး ယူရေနီယံ သန့်စင်မှုတွေ လုပ်သွားဖို့ အီရန်ကလုပ်နေတယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA က သောကြာနေ့က ပြောပါတယ်။

ယူရေနီယံ သန့်စင်မှုတွေ တိုးမြှင့်ဖို့အတွက် နောက်ထပ် ဗဟိုခွာစက်သစ် ၆၀၀၀ ကျော် တပ်ဆင်သွားမယ့်အကြောင်းကို ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့် လေ့လာရေး အေဂျင်စီ IAEA ကို အီရန်က အသိပေးခဲ့ပြီးတဲ့နောက် ဒီလ ၂၉ ရက် သောကြာနေ့မှာ IAEA က ဒါကို ကြေညာချက် ထုတ်ပြန် အသိပေးလိုက်တာပါ။

နျူကလီးယား လက်နက် ထုတ်လုပ်နိုင်တဲ့ အဆင့်နီးပါးရောက်တဲ့အထိ ယူရေနီယံ သန့်စင်မှုတွေ လုပ်သွားဖို့ကြိုးစားနေတဲ့ အီရန်ရဲ့ အစီအစဥ်တွေဟာ နိုင်ငံတကာနဲ့ တင်းမာမှုတွေ ပို အရှိန်မြင့်လာစေတာလည်း ဖြစ်ပါတယ်။ IAEA က အသိပေးချက်ထဲမှာတော့ အီရန်ဟာ ဗဟိုခွာစက်သစ်တွေ သုံးပြီး ယူရေနီယံ သန့်စင်မှုတွေကို နောက်ထပ် ၅ % ဆတိုး လုပ်သွားမှာ ဖြစ်တယ်လို့သာ ဖော်ပြထားပါတယ်။ ၅ % ဆိုတဲ့ ပမာဏကတော့ လက်ရှိ လုပ်ဆောင်နေတဲ့ ၆၀% ယူရေနီယံ သန့်စင်မှုတွေနဲ့စာရင် အများကြီး နည်းပါတယ်။

ဒါကိုကြည့်ရင် အီရန်အနေနဲ့ အနောက်နိုင်ငံတွေ၊ အထူးသဖြင့် မကြာခင် အမေရိကန်သမ္မတသစ် ဖြစ်လာမယ့် Donald Trump နဲ့ စေ့စပ်ညှိနှိုင်းလိုတာကို အချက်ပြရာလည်း ရောက်ပါတယ်။ ဒါပေမဲ့ Trump အနေနဲ့ သူ သမ္မတ တာဝန် တဖန်ပြန်ယူတဲ့အခါ အီရန်နျူကလီးယား အရေး ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။

အီရန်ရဲ့ နျူကလီးယား လက်နက်အစီအစဉ်ကို ကန့်သတ်တဲ့ အရေးပါတဲ့ သဘောတူညီမှုတရပ်ကို အီရန်နဲ့ အနောက် အင်အားကြီး နိုင်ငံကြီးတွေ ဖြစ်ကြတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ ဂျာမနီ အပြင် တရုတ်နိုင်ငံတို့ ပါဝင်ပြီး ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့ပေမဲ့၊ နောက်ပိုင်း ၂၀၁၈ ခုနှစ်မှာ အဲ့ဒီအချိန်က အမေရိကန်သမ္မတ Donald Trump က ပြန်လည် နုတ်ထွက်ခဲ့ပါတယ်။ ၂၀၁၅ သဘောတူညီချက်ဟာ အီရန်အပေါ် လိုက်လျောလွန်းတယ်လို့ ဆိုပြီး Trump က နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG