သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ အမေရိကန် ၅ ဦး အီရန်က ပြန်လည်လွတ်မြောက်


ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်-အီရန် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကြောင့် လွတ်မြောက်လာသူ အမေရိကန်နိုင်ငံသား ၅ ဦးထဲက တဦးဖြစ်တဲ့ Morad Tahbaz နှင့် ဇနီးဖြစ်သူ Vida Tahbaz
ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်-အီရန် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကြောင့် လွတ်မြောက်လာသူ အမေရိကန်နိုင်ငံသား ၅ ဦးထဲက တဦးဖြစ်တဲ့ Morad Tahbaz နှင့် ဇနီးဖြစ်သူ Vida Tahbaz

အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အရ အမေရိကန်နိုင်ငံသား ၅ ယောက်ကို အီရန်နိုင်ငံ ပြန်လွှတ်ပေးလိုက်ပြီး တီဟီရန်မြို့တော်က လေကြောင်းကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း နီးစပ်သူတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။ အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုအရ ထိန်းချုပ်ထားတဲ့ ဒေါ်လာသန်း ၆၀၀၀ ကို ဖယ်ရှားပေးလိုက်ပြီးနောက် အမေရိကန် ၅ ယောက်ကို ပြန်လွှတ်ပေးလိုက်တာပါ။ အပြန်အလှန်အနေနဲ့ အီရန်နိုင်ငံသား ၅ ယောက်ကိုလည်း အမေရိကန်သမ္မတ Joe Biden က လွတ်ငြိမ်းခွင့် ပေးလိုက်ကြောင်း အစိုးရတာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။

အမေရိကန်က အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်တဲ့ အနေနဲ့ ထိန်းချုပ်ထားတဲ့ သန်း ၆၀၀၀ ကို စာနာမှုလုပ်ငန်းတွေအတွက်သာ အသုံးပြုဖို့ တောင်ကိုရီးယားနိုင်ငံက ဘဏ်စာရင်းကနေ ကာတာနိုင်ငံက ဘဏ်စာရင်းထဲ လွှဲပြောင်းပေးခဲ့တာပါ။ အီရန်နဲ့ အကျဉ်းသားချင်း လဲလှယ်မယ့်အထဲက အမေရိကန် ၃ ဦးကတော့ Siamak Namazi, Emad Shargi နဲ့ Morad Tahbaz တို့ ဖြစ်တယ်လို့လည်း တရားဝင် ထုတ်ပြန်ထားတာပါ။ တရားဝင် ထုတ်ဖော်မပြောသေးတဲ့ နောက်ထပ် အမေရိကန် အမျိုးသားတဦးနဲ့ အမျိုးသမီး တဦးတို့ကိုတော့ မကြာသေးခင်ကပဲ အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ထားပါတယ်။

အမေရိကန်က ပြန်လွှတ်ပေးမယ့် အီရန်နိုင်ငံသား ၅ ဦး အမည်ကိုတော့ အီရန်နိုင်ငံက တရားဝင်ထုတ်ပြန်ထားပါတယ်။ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံရုံးကလည်း စာရင်းကို အတည်ပြုထားပြီး Kaveh Lotfolah Afrasiabi, Mehrdad Ansari, Amin Hasanzadeh, Reza Sarhangpour Kafrani နဲ့ Kambiz Attar Kashani တို့ဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG