သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ အမေရိကန် ၅ ဦး အီရန်က ပြန်လည်လွတ်မြောက်

ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်-အီရန် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကြောင့် လွတ်မြောက်လာသူ အမေရိကန်နိုင်ငံသား ၅ ဦးထဲက တဦးဖြစ်တဲ့ Morad Tahbaz နှင့် ဇနီးဖြစ်သူ Vida Tahbaz
ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်-အီရန် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကြောင့် လွတ်မြောက်လာသူ အမေရိကန်နိုင်ငံသား ၅ ဦးထဲက တဦးဖြစ်တဲ့ Morad Tahbaz နှင့် ဇနီးဖြစ်သူ Vida Tahbaz

အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အရ အမေရိကန်နိုင်ငံသား ၅ ယောက်ကို အီရန်နိုင်ငံ ပြန်လွှတ်ပေးလိုက်ပြီး တီဟီရန်မြို့တော်က လေကြောင်းကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း နီးစပ်သူတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။ အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုအရ ထိန်းချုပ်ထားတဲ့ ဒေါ်လာသန်း ၆၀၀၀ ကို ဖယ်ရှားပေးလိုက်ပြီးနောက် အမေရိကန် ၅ ယောက်ကို ပြန်လွှတ်ပေးလိုက်တာပါ။ အပြန်အလှန်အနေနဲ့ အီရန်နိုင်ငံသား ၅ ယောက်ကိုလည်း အမေရိကန်သမ္မတ Joe Biden က လွတ်ငြိမ်းခွင့် ပေးလိုက်ကြောင်း အစိုးရတာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။

အမေရိကန်က အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်တဲ့ အနေနဲ့ ထိန်းချုပ်ထားတဲ့ သန်း ၆၀၀၀ ကို စာနာမှုလုပ်ငန်းတွေအတွက်သာ အသုံးပြုဖို့ တောင်ကိုရီးယားနိုင်ငံက ဘဏ်စာရင်းကနေ ကာတာနိုင်ငံက ဘဏ်စာရင်းထဲ လွှဲပြောင်းပေးခဲ့တာပါ။ အီရန်နဲ့ အကျဉ်းသားချင်း လဲလှယ်မယ့်အထဲက အမေရိကန် ၃ ဦးကတော့ Siamak Namazi, Emad Shargi နဲ့ Morad Tahbaz တို့ ဖြစ်တယ်လို့လည်း တရားဝင် ထုတ်ပြန်ထားတာပါ။ တရားဝင် ထုတ်ဖော်မပြောသေးတဲ့ နောက်ထပ် အမေရိကန် အမျိုးသားတဦးနဲ့ အမျိုးသမီး တဦးတို့ကိုတော့ မကြာသေးခင်ကပဲ အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ထားပါတယ်။

အမေရိကန်က ပြန်လွှတ်ပေးမယ့် အီရန်နိုင်ငံသား ၅ ဦး အမည်ကိုတော့ အီရန်နိုင်ငံက တရားဝင်ထုတ်ပြန်ထားပါတယ်။ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံရုံးကလည်း စာရင်းကို အတည်ပြုထားပြီး Kaveh Lotfolah Afrasiabi, Mehrdad Ansari, Amin Hasanzadeh, Reza Sarhangpour Kafrani နဲ့ Kambiz Attar Kashani တို့ဖြစ်တယ်လို့ ပြောပါတယ်။

This item is part of
XS
SM
MD
LG