သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS နဲ့ ဆက်နွယ်သူ ၂၈ ဦး အီရန်ထောက်လှမ်းရေးဖမ်းဆီး


IRAN - TEHRAN - FLAG - FLAGS - ISLAM - REVOLUTION - ANNIVERSARY
IRAN - TEHRAN - FLAG - FLAGS - ISLAM - REVOLUTION - ANNIVERSARY

မနှစ်က အီရန်ဆန္ဒပြပွဲရဲ့နှစ်ပတ်လည်အဖြစ်ဆန္ဒပြမှုကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ IS စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်နေသူ ၂၈ ယောက်ကို ဖမ်းဆီးလိုက် တယ်လို့ အီရန် ထောက်လှမ်းရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဘာသာရေးရဲ့အဖမ်းဆီးခံခဲ့ရတဲ့ ကာ့ဒ်အမျိုးသမီးငယ် မာစအာမီနီ ရဲလက်ထဲမှာပဲ သေဆုံးခဲ့ပြီးတဲ့နောက် အီရန်နိုင်ငံတလွှားမှာ မနှစ်က လပေါင်းများစွာ ဆန္ဒပြပွဲတွေ ဖြစ်ပွါးခဲ့တာပါ။ မကြာခင်ရက်တွေအတွင်းမှာ အစိုးရက တဟီရန်၊ Alborz နဲ့ အနောက်အဇာဘိုင်ဂျန်ပြည်နယ်တွေနဲ့ အကြမ်းဖက်အဖွဲ့တွေ အခြေစိုက်ရာ နေရာတွေကို ဝင်ရောက်စီးနင်းခဲ့ရာကနေ သူတို့ကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။

“သူတို့ဟာ IS အုပ်စုနဲ့ အဆက်အသွယ်ရှိကြပြီး တချို့ဟာ ဆီးရီးယားက ဂျီဟတ် လှုပ်ရှားမှု၊ ဆွန်နီဘာသာရေးအစွန်းရောက်လှုပ်ရှားမှုတွေမှာ ပါခဲ့သူတွေဖြစ်ကြသလို တချို့က အာဖဂန်၊ ပါကစ္စတန်နဲ့ အီရတ်က ကာ့ဒ်ဒေသတွေမှာ လှုပ်ရှားခဲ့ကြသူတွေဖြစ်တယ်လို့လည်း ဝန်ကြီးဌာနနဲ့ အင်တာနက်စာမျက်နှာမှာ ရေးထားပါတယ်။

သူတို့ကို ဖမ်းဆီးခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ယောက် ဒဏ်ရာရရှိခဲ့ကြပြီး ဗုံးတွေ၊ လက်နက်တွေ၊ အသေခံဗုံးအင်္ကျီတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်းဆိုပါတယ်။ သူတို့ဟာ တီဟီရန်မြို့ကလူထူထပ်တဲ့နေရာ ၃၀ မှာ တပြိုင်တည်းဖောက်ခွဲဖို့ အစီအစဉ်ရှိခဲ့ပြီး ထောက်လှမ်းရေးက ဒီ အစီအစဉ်ကို တားဆီးနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဩဂုတ်လတုန်းက ရှီအာမူဆလင်တွေ အထွဋ်အမြတ်ထားရာနေရာကို သေနတ်နဲ့ တိုက်ခိုက်ခဲ့တဲ့ တာဂျစ် အိုင်အက်စ် (Tajik IS) အဖွဲ့ဝင်ဆိုသူကို အီရန်တရားရုံး က ကြာသပတေးနေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။ အီရန်နိုင်ငံမှာ ရှီအာမူဆလင်က လူများစုဖြစ်ပြီး လွှမ်းမိုးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG