သုံးရလွယ်ကူစေသည့် Link များ

Iran နျူသဘောတူညီမှု ကန် ပြန်ရုပ်သိမ်းဖွယ်ရှိ


အီရန်နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ နျူကလီးယားဆိုင်ရာ သဘောတူညီချက်ကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြန်ရုပ်သိမ်းဖွယ်ရှိပြီး ဒဏ်ခတ်အရေးယူမှုတွေ ပြန်ပြီး ချမှတ်နိုင်ခြေအတွက် ကွန်ဂရက်လွှတ်တော်ကို ပို့မယ်လို့ အမေရိကန် အကြီးတန်းတာဝန်ရှိသူ တွေက ကြာသပတေးနေ့မှာပြောပါတယ်။

ဒီသဘောတူညီချက်ဟာ အမေရိကန် အမျိုးသားအကျိုးစီးပွားနဲ့ မကိုက်ညီဘူးလို့ဆိုပြီး နောက် သီတင်းပတ်မှာပြောမယ့် မိန့်ခွန်း တခုထဲမှာ သူ့အစီအစဉ်ကို သမ္မတထရမ့်ပ်က ကြေညာမယ်လို့ ခန့်မှန်းထားတဲ့အကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလိုလုပ်တာက ၂၀၁၅ ခုနှစ် သဘောတူညီချက်ကို ပယ်ဖျက်ပစ်တာမဟုတ်ဘဲ ကွန်ဂရက်လွှတ်တော်ကို ပြန်ပို့လိုက်တာပါ။ သဘောတူညီချက်အရ ဆိုင်းငံ့ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ပြန်ချမှတ်မလားဆိုတာ ဆုံးဖြတ်ဖို့ လွှတ်တော်အမတ်တွေ ရက် ပေါင်း ၆၀ အချိန်ရမှာဖြစ်ပါတယ်။

ပြန်ရုပ်သိမ်းတယ်ဆိုရင် သဘောတူညီချက်ကို ပြန်ပြီး စေ့စပ်ညှိနှိုင်းဖို့လဲ လမ်းပွင့်သွားမှာပါ။ ဒါပေမဲ့ အီရန်သမ္မတ Hassan Rouhani ကတော့ ဒါကို မစဉ်းစားဘူးလို့ ပြောထားပါတယ်။

သဘောတူညီချက်အတိုင်း အီရန်က လိုက်နာ လုပ်ဆောင်နေရဲ့လားဆိုတာကို ရက် ၉၀ တိုင်းမှာ တကြိမ် သမ္မတ ထရမ့်ပ်က ကြေညာရမှာဖြစ်ပြီး နောက်တကြိမ် ကြေညာရမယ့် နောက်ဆုံးနေ့က အောက်တိုဘာလ ၁၅ ရက်နေ့ဖြစ်ပါတယ်။

အရင်သမ္မတ အိုဘားမားလက်ထက် ၂၀၁၅ ခုနှစ်မှာ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ အမေရိကန် အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်နိုင်ငံအကြား ဒီသဘောတူညီချက် ရထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG