သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရန္အစိုးရနဲ႔ ပတ္သက္တဲ့ ၀ဘ္ဆိုဒ္အမ်ားအျပား အပိတ္ခံရ


အီရန္အစိုးရနဲ႔ ပတ္သက္တဲ့ ၀ဘ္ဆိုဒ္အမ်ားအျပား အပိတ္ခံရ

{{Zawgyi/Unicode}}

အီရန္ႏိုင္ငံက ၀ဘ္ဆိုဒ္ အမ်ားအျပားမွာ အေမရိကန္အစိုးရက ထိန္းခ်ဳပ္လိုက္ေၾကာင္း ေဖာ္ျပထားတဲ့ စာသားေတြကို အဂၤါေန႔မွာ ေတြ႕ၾကရပါတယ္။ အီရန္အစိုးရနဲ႔ ပတ္သက္ေနတဲ့ သတင္း၀ဘ္ဆိုဒ္ေတြကို အေၾကာင္းျပခ်က္ ရွင္းရွင္းလင္း မသိရဘဲ အေမရိကန္က ထိန္းခ်ဳပ္လိုက္ပုံ ရတယ္လို႔လည္း အီရန္မီဒီယာေတြက အတည္ျပဳခဲ့ၾကပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ အေမရိကန္ ႏိုင္ငံျခားေရး ဌာနကို ဗြီအိုေအက မွတ္ခ်က္ေပးဖို႔ ေမးျမန္းခဲ့ေပမဲ့ ခ်က္ျခင္းတုံ႔ျပန္ခ်က္ေတာ့ မရပါဘူး။ AP သတင္းဌာနကေတာ့ မမွန္ကန္တဲ့ သတင္းေတြ ျဖန္႔ေ၀မႈနဲ႔ ပတ္သက္တဲ့ ၀ဘ္ဆိုဒ္အမ်ားစု အပါအ၀င္ စုစုေပါင္း ၃ ဒါဇင္ေလာက္ကို အေမရိကန္က ပိတ္လိုက္တာျဖစ္ေၾကာင္း အမည္မေဖာ္လိုသူ အေမရိကန္အရာရွိတဦးကို ကိုးကားေဖာ္ျပခဲ့ပါတယ္။

႐ုတ္တရက္ အပိတ္ခံလိုက္ရတဲ့ ၀ဘ္ဆိုဒ္ေတြထဲမွာေတာ့ အဂၤလိပ္ဘာသာနဲ႔ ထုတ္လႊင့္ေနတဲ့ အစိုးရပိုင္ Press TV ႐ုပ္သံအစီအစဥ္၊ အာရပ္ဘာသာနဲ႔ ထုတ္လႊင့္ေနတဲ့Al-Alam နဲ႔ ယီမင္ႏိုင္ငံက ဟူသီသူပုန္ေတြရဲ႕ Al-Masirah ၿဂိဳဟ္တု႐ုပ္သံ သတင္းအစီအစဥ္ေတြလည္း ပါ၀င္ပါတယ္။

၀ဘ္ဆိုဒ္ေတြမွာေတာ့ ဖမ္း၀ရမ္းအမိန္႔နဲ႔ အေမရိကန္ အစိုးရက ထိန္းခ်ဳပ္လိုက္ေၾကာင္း စာသားေတြကို အေမရိကန္ ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဳ႐ို (FBI) ကူးသန္းေရာင္း၀ယ္ေရးဌာနရဲ႕ ကုန္ထုတ္လုပ္ငန္းနဲ႔ လုံျခံဳေရးဗ်ဳ႐ိုတို႔ရဲ႕ သေကၤတံဆိပ္ေတြနဲ႔အတူ ေတြ႕ရပါတယ္။

Al-Masirah သတင္းဌာနကေတာ့ ၀ဘ္ဆိုဒ္အပိတ္ခံရေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုလိုက္ၿပီး၊ အေမရိကန္နဲ႔ အစၥေရးလ္တို႔ရဲ႕ တိုင္းျပည္အေပၚ ဓားျပတိုက္တဲ့ လုပ္ရပ္မ်ဳိးကို ရင္ဆိုင္ၿပီး လုပ္ငန္းေတြကို ဆက္လက္ ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလထဲမွာပဲ သတင္းမွားေတြ ျဖန္႔ခ်ိဖို႔ အီရန္ေတာ္လွန္ေရး ျပည္ေစာင့္တပ္က ဥပေဒမဲ့ အသုံးခ်ေနတယ္ဆိုၿပီး အီရန္၀ဘ္ဆိုဒ္ ၉၂ ခုကို အေမရိကန္က ပိတ္ခဲ့ဖူးပါတယ္။

..................................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

အီရန်နိုင်ငံက ဝဘ်ဆိုဒ် အများအပြားမှာ အမေရိကန်အစိုးရက ထိန်းချုပ်လိုက်ကြောင်း ဖော်ပြထားတဲ့ စာသားတွေကို အင်္ဂါနေ့မှာ တွေ့ကြရပါတယ်။ အီရန်အစိုးရနဲ့ ပတ်သက်နေတဲ့ သတင်းဝဘ်ဆိုဒ်တွေကို အကြောင်းပြချက် ရှင်းရှင်းလင်း မသိရဘဲ အမေရိကန်က ထိန်းချုပ်လိုက်ပုံ ရတယ်လို့လည်း အီရန်မီဒီယာတွေက အတည်ပြုခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနကို ဗွီအိုအေက မှတ်ချက်ပေးဖို့ မေးမြန်းခဲ့ပေမဲ့ ချက်ခြင်းတုံ့ပြန်ချက်တော့ မရပါဘူး။ AP သတင်းဌာနကတော့ မမှန်ကန်တဲ့ သတင်းတွေ ဖြန့်ဝေမှုနဲ့ ပတ်သက်တဲ့ ဝဘ်ဆိုဒ်အများစု အပါအဝင် စုစုပေါင်း ၃ ဒါဇင်လောက်ကို အမေရိကန်က ပိတ်လိုက်တာဖြစ်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိတဦးကို ကိုးကားဖော်ပြခဲ့ပါတယ်။

ရုတ်တရက် အပိတ်ခံလိုက်ရတဲ့ ဝဘ်ဆိုဒ်တွေထဲမှာတော့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်နေတဲ့ အစိုးရပိုင် Press TV ရုပ်သံအစီအစဉ်၊ အာရပ်ဘာသာနဲ့ ထုတ်လွှင့်နေတဲ့Al-Alam နဲ့ ယီမင်နိုင်ငံက ဟူသီသူပုန်တွေရဲ့ Al-Masirah ဂြိုဟ်တုရုပ်သံ သတင်းအစီအစဉ်တွေလည်း ပါဝင်ပါတယ်။

ဝဘ်ဆိုဒ်တွေမှာတော့ ဖမ်းဝရမ်းအမိန့်နဲ့ အမေရိကန် အစိုးရက ထိန်းချုပ်လိုက်ကြောင်း စာသားတွေကို အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ လုံခြုံရေးဗျုရိုတို့ရဲ့ သင်္ကေတံဆိပ်တွေနဲ့အတူ တွေ့ရပါတယ်။

Al-Masirah သတင်းဌာနကတော့ ဝဘ်ဆိုဒ်အပိတ်ခံရကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပြီး၊ အမေရိကန်နဲ့ အစ္စရေးလ်တို့ရဲ့ တိုင်းပြည်အပေါ် ဓားပြတိုက်တဲ့ လုပ်ရပ်မျိုးကို ရင်ဆိုင်ပြီး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာပဲ သတင်းမှားတွေ ဖြန့်ချိဖို့ အီရန်တော်လှန်ရေး ပြည်စောင့်တပ်က ဥပဒေမဲ့ အသုံးချနေတယ်ဆိုပြီး အီရန်ဝဘ်ဆိုဒ် ၉၂ ခုကို အမေရိကန်က ပိတ်ခဲ့ဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG