သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် Mosul မြို့တွင်း လက်ကျန်စစ်သွေးကြွတွေကို ရှင်းလင်း


အီရတ်နိုင်ငံ မိုလ်ဆူးမြို့ ပြန်သိမ်းနိုင်ပြီဆိုပြီး တာဝန်ရှိသူတွေ အောင်ပွဲခံနေချိန်မှာဘဲ အီရတ် တပ်ဖွဲ့တွေကတော့ လက်ကျန် အစ္စလာမ္မစ် အစွန်းရောက် IS စစ်သွေးကြွတွေကို တအိမ်တက်ဆင်း ပိုက်စိပ်တိုက်ရှာဖွေ နေကြဆဲ ဖြစ်ပါတယ်။

အနီးကပ် တိုက်ပွဲတွေ ဖြစ်နေချိန်မှာဘဲ ညွန့်ပေါင်းတပ်ဖွဲ့တွေဘက်ကလည်းIS အစွန်းရောက်တွေ အပေါ် ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။ စစ်သွေးကြွတွေက အသေခံဗုံးခွဲ ဝတ်စုံတွေ ဝတ်ပြီး ပုန်းအောင်းနေတဲ့ အိမ်တွေထဲကို ဝင်ပြီး ရှာဖွေရှင်းလင်း နေရတာနဲ့အမျှ ဒီနောက်ဆုံး အဆင့် တိုက်ပွဲဟာ အပြင်းထန်ဆုံးပဲလို့ အီရတ်တပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။

တနင်္ဂနွေနေ့ညနေပိုင်းမှာတော့ အီရတ်ဝန်ကြီးချုပ် Haidar al-Abadi ရဲ့ယာဉ်တန်းဟာ စစ်သွေးကြွ လက်ကလွတ်မြောက် လာတဲ့ မိုဆူးလ် မြို့တော်ကနေ ထွက်ခွာသွားပါတယ်။ မိုဆူးလ်မြို့ရဲ့ နေရာအများစုကို အီရတ်တပ်ဖွဲ့တွေက ထိန်းချုပ်လိုက်ပြီ ဖြစ်ပြီး မြို့တွင်းက စတုရန်း မီတာ ၂၀၀ လောက် ဒေသကလေးမှာဘဲ စစ်သွေးကြွတွေကို အီရတ်တပ်ဖွဲ့တွေက ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ မိုလ်ဆူးမြို့တွင်းမှာ တိုက်ခိုက်နေကြတဲ့ IS အဖွဲ့ဝင် ၁၀၀ နဲ့ ၁၅၀ ကြားလောက် ကျန်ရှိဦးမယ်လို့ အီရတ် တပ်ဖွဲ့ဝင်တွေက ခန့်မှန်းထားပါတယ်။ လာမယ့် ရက်ပိုင်းတွေ အတွင်း တိုက်ပွဲတွေ လုံးဝ အဆုံးသတ်နိုင်ဖို့လည်း ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG