သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်ပွဲခံနေတဲ့ Mosul မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ


 Mosul မြို့တိုက်ပွဲ (ဇူလိုင်လ ၉ ရက်)
Mosul မြို့တိုက်ပွဲ (ဇူလိုင်လ ၉ ရက်)

အီရတ်နိုင်ငံမှာ IS အစွန်းရောက်အဖွဲ့က ထိန်းချုပ်ထားတဲ့ မိုဆူးလ်မြို့ကို ပြန်သိမ်းနိုင်ပြီဆိုပြီး တာဝန်ရှိသူတွေ အောင်ပွဲခံနေချိန် အီရတ်တပ်ဖွဲ့တွေကတော့ ကျန်နေနိုင်သေးတဲ့ IS စစ်သွေးကြွတွေကို တအိမ်တက် တအိမ်ဆင်း လိုက်ပြီး ရှာဖွေ ရှင်းလင်းနေရဆဲ ပါ။ တိုက်ပွဲနေရာဟာ အခုဆို သိပ်ကျဉ်းသွားပြီဖြစ်ပြီး IS ပစ်မှတ်တွေကို ညွန့်ပေါင်းအဖွဲ့က လေကြောင်းကနေ တိုက်ခိုက်တာ တောင်မှ အီရတ်တပ်ဖွဲ့က သိမ်းထားတဲ့ အဆောက်အဦးတွေကို လှုပ်ရမ်းတုန်ခါစေပါတယ်။

စစ်သွေးကြွတွေက အသေခံဗုံးခွဲဝတ်စုံတွေဝတ်ပြီး ပုန်းအောင်းနေတဲ့ အိမ်တွေထဲကိုဝင်ပြီး ရှာဖွေရှင်းလင်းနေရတာနဲ့အမျှ ဒီနောက်ဆုံးအဆင့်တိုက်ပွဲဟာ အပြင်းထန်ဆုံးပဲလို့ အီရတ်တပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။

တနင်္ဂနွေနေ့ညနေပိုင်းမှာတော့ အီရတ်ဝန်ကြီးချုပ် Haidar al-Abadi ရဲ့ယာဉ်တန်းဟာ မိုဆူးလ် လွတ်မြောက်မြို့တော်ကနေ ထွက်ခွာသွားပါတယ်။

မိုဆူးလ်မြို့ရဲ့ နေရာအများစုကို အီရတ်တပ်ဖွဲ့တွေက ထိန်းချုပ်လိုက်ပြီဖြစ်ပြီး ကျန်နေသေးတဲ့ စစ်သွေးကြွတွေကို မီတာ ၂၀၀ လောက်ပဲ အကျယ်အဝန်းရှိမယ့် နေရာလေးထဲမှာ ဝန်းရံ ပိတ်ဆို့ထားတာပါ။ ဒီစစ်သွေးကြွတွေဟာ အပြင်းထန်ဆုံးအစွန်းရောက် ဝါဒီတွေဖြစ်ကြပြီး အများစုဟာ အီရတ်တွေမဟုတ်သလို သူတို့အတွက်တော့ တိုက်ပွဲတိုင်းဟာ အသေခံတိုက်ပွဲတွေပဲ ဖြစ်တယ် လို့ အီရတ်စစ်သားတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG