သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေးဟောင်း Mosul ဗလီ အီရတ်တပ် ပြန်သိမ်း


ရှေးဟောင်း Mosul ဗလီ တဝိုက်
ရှေးဟောင်း Mosul ဗလီ တဝိုက်

အီရတ် တပ်ဖွဲ့တွေဟာ Mosulမြို့အတွင်းက ဖျက်ဆီးခံထားရတဲ့ သမိုင်းဝင် ဗလီကျောင်းကြီးကို ပြန်လည် သိမ်းပိုက် လိုက်ပါတယ်။ Mosulမြို့ဟာ လွန်ခဲ့တဲ့ သုံးနှစ်က IS အစ္စလာမ်မစ် စစ်သွေးကြွတွေ သိမ်းပိုက်တာ ခံခဲ့ရပြီး၊ IS တွေဟာ သူတို့သဘောနဲ့ သူတို့ ကာလီဖိတ်လို့ ခေါ်တဲ့ ဘာသာရေး နိုင်ငံတော်အဖြစ် ကြေညာခဲ့ကြတာပါ။

စစ်သွေးကြွတွေဟာ သက်တမ်း နှစ် ၈၅၀ ရှိပြီ ဖြစ်တဲ့ Grand al-Nuri ဗလီဘုရား ရှိခိုးကျောင်းကြီး နဲ့ ၄၅ မီတာ အမြင့်ရှိတဲ့ ဗလီကျောင်း မျှော်စင်ကြီးကို ပြီးခဲ့တဲ့ သတင်းပတ်က ဖေါက်ခွဲခဲ့ပါတယ်။ နောက်ပြီး (၈) လကြာ စစ်မက်ဖြစ်ပွားနေချိန်အတွင်း Mosul မြို့ကို ရစရာမရှိအောင် မွှေနှောက် ဖျက်ဆီးခဲ့ကြပါတယ်။

နံနက်လင်းအားကြီး စစ်ဆင်တိုက်ခိုက်အပြီး အီရတ်တပ်ဖွဲ့တွေက ဗလီကျောင်းကြီးကို ပြန်လည်သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း မြို့ဟောင်း အတွင်းကို ဝင်ရောက် တိုက်ခိုက်နေပါတယ်လို့ IS စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အမေရိကန် စစ်ဆင်ရေးအဖွဲ့ ပြောခွင့်ရသူ က ပြောပါတယ်။

ကြာသာပတေးနေ့ တနေ့လုံး မူဆိုးလ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ သူတို့အနေနဲ့ မြို့ဟောင်းကို သောကြာနေ့ ဒါမှ မဟုတ် စနေနေ့မှာ ထိန်းချုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း စစ်သွေးကြွတွေကို စစ်ဆင်နေတဲ့ အထူးတပ်ဖွဲ့ဝင် တွေက VOA ကို ပြောပါတယ်။

အီရတ် လုံခြုံရေးတပ်ဖွဲ့တွေဟာ ISIS တွေ အခိုင်အမာတပ်စွဲထားတဲ့ လက်ကျန် စခန်း ၂ ခုကို တိုက်ခိုက်နေကြကြောင်း စစ်ဖက် ပြောခွင့်ရသူ ကြည်းတပ် ဗိုလ်မှုးကြီး Ryan Dillon က ပြောပါတယ်။

ရှေးဟောင်း Mosul ဗလီ အီရတ်တပ် ပြန်သိမ်း
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG