ဥရောပသမဂ္ဂ EU ထဲကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်မယ် မထွက်ဘူး BREXIT လူထုဆန္ဒခံယူပွဲကို ရုရှားက ဝင်နှောက်ဖို့ ကြိုးစား ခဲ့နိုင်ခြေရှိတယ်ဆိုတဲ့ ပထမဆုံးအထောက်အထား ထွက်လာပါတယ်။ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ဝင်နှောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့််ပြန့် ထွက်ထားပြီးတဲ့နောက် အခုတခါ Brexit ကိစ္စထွက်လာတာပါ။
EU ဆန့်ကျင်ရေးစကားတွေပြောတဲ့ ဒါမှမဟုတ် နိုင်ငံရေးနဲ့ လူမျိုးရေး တင်းမာမှုတွေဖြစ်အောင် လှုံ့ဆော်တဲ့ လူမှုကွန်ယက်မီဒီယာ အကောင့် ထောင်ပေါင်းများစွာကို သုတေသီတွေ တွေ့လိုက်ကြတာပါ။
ဒီစုံစမ်းစစ်ဆေးမှုကို အမေရိကန်၊ ကာလီဖိုးနီးယားတက္ကသိုလ် Berkely နယ်မြေနဲ့ ဗြိတိန် Swansea တက္ကသိုလ်တို့ ပူးတွဲလုပ်ခဲ့ ကြတာပါ။ ၂၀၁၆ ခုနှစ်၊ ဇွန်လကလုပ်တဲ့ လူထုဆန္ဒခံယူပွဲမတိုင်ခင် နှစ်ရက်အလိုမှာ ရုရှားနိုင်ငံကလာတဲ့ Twitter အကောင့်တွေ ကနေ Brexit နဲ့ပတ်သက်တဲ့ tweet ပေါင်း ၄ သောင်းခွဲနီးပါး တင်ခဲ့ကြပြီး အများစုဟာ EUဆန့်ကျင်ရေးတွေဖြစ်တယ်ဆိုတာ အဲဒီစုံစမ်းမှုကနေ တွေ့ရပါတယ်။ နောက်တရက်မှာတော့ အဲဒီအကောင့်အများစုဟာ ငြိမ်သွားပါတယ်။ သေချာတာကတော့ အဲဒီ အကောင့်အများစုဟာ Brexit နဲ့ပတ်သက်ပြီး ငြင်းခုန်ပြောဆိုတာတွေမှာ အရင်ကမပါခဲ့ဘူးဘဲ တကယ်တမ်းက ယူကရိန်းအရေး လို တခြားကိစ္စတွေကို ဦးတည်ပြောခဲ့ကြတာပါ။
ဒီအထောက်အထားသစ် ထွက်လာတာနဲ့အမျှ သတင်းမှားတွေနဲ့ လူမှုကွန်ယက်မီဒီယာတွေရဲ့ အခန်းကဏ္ဍအပေါ် ဗြိတိန် ရွေး ကောက်ပွဲကော်မရှင်နဲ့ လွှတ်တော်အမတ်တွေပါတဲ့ ကော်မတီတခုက သီးခြား စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါပြီ။