သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့ဂျေရုဆလင် Al Jazeera ရုပ်သံရုံးခန်း အစ္စရေးရဲတပ်ဖွဲ့စီးနင်း


အယ်လ်ဂျာဇီးယားရဲ့နိုင်ငံတကာအင်္ဂလိပ်ပိုင်းသတင်းထောက် Zein Basravi က အနောက်ဘက်ကမ်းခြေဒေသ Ramallah မြို့ကနေ တနင်္ဂနွေနေ့က သတင်းပေးပို့နေစဥ်။ (မေ ၅၊ ၂၀၂၄)
အယ်လ်ဂျာဇီးယားရဲ့နိုင်ငံတကာအင်္ဂလိပ်ပိုင်းသတင်းထောက် Zein Basravi က အနောက်ဘက်ကမ်းခြေဒေသ Ramallah မြို့ကနေ တနင်္ဂနွေနေ့က သတင်းပေးပို့နေစဥ်။ (မေ ၅၊ ၂၀၂၄)

အစ္စရေးလ်နိုင်ငံထဲက ကာတာနိုင်ငံပိုင် Al Jazeera ရုပ်သံရုံးခန်းကို အစ္စရေးလ်ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ သူ့နယ်မြေထဲက Al Jazeera ရုပ်သံကိုပိတ်ပစ်ဖို့ အစ္စရေးလ်တာဝန်ရှိသူတွေ ဆုံးဖြတ်လိုက်အပြီးမှာပဲ ခုလိုဝင်ရောက်စီးနင်းတာလို့ အစ္စရေးလ်တာဝန်ရှိသူတွေနဲ့ Al Jazeera သတင်းရင်းမြစ်တွေက ရိုက်တာသတင်းကိုပြောပါတယ်။

ဂျေရုဆလင်မ်မြို့အရှေ့ပိုင်းဟိုတယ်တခုက ရုံးခန်းမှာ အသံလွှင့်ဖို့တပ်ဆင်ထားတဲ့ ကင်မရာနဲ့ ပစ္စည်းကိရိယာတွေကို အရပ်ဝတ်အရာရှိတွေ ဖြုတ်ချနေတာကို X ရုပ်သံမှာ တင်ထားတဲ့ ဗွီဒီယိုပုံရိပ်တွေမှာ တွေ့ရတယ်လို့ Al Jazeera သတင်းရင်းမြစ်တခုကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြထားတာပါ။ ဂျေရုဆလင်မ်မှာရှိတဲ့ Al Jazeers ရုံးခန်းတွေကို ချက်ချင်းပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu ကကြေညာချက်ထုတ်ပြန်အပြီးမှာ ခုလိုဝင်ရောက်စီးနင်းခဲ့တာပါ။

အစ္စရေလ်းမှာ Al Jazeera ရုပ်သံထုတ်လွှင့်မှုကို ပိတ်ဖို့ လုံခြုံရေး ဝန်ကြီးအဖွဲ့နဲ့ ဆွေးနွေးခဲ့တယ်လို့လည်း ဝန်ကြီးချုပ် နေသန်ယာဟုက ပြောပါတယ်။ ဂါဇာဒေသမှာ စစ်ပွဲဖြစ်နေသမျှကာလပတ်လုံး အစ္စရေးလ်မြေပေါ်မှာ ကာတာရုပ်သံကွန်ယက်ရှိနေတာဟာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်ရာရောက်တဲ့အတွက် ပိတ်ပစ်ဖို့ အစိုးရအဖွဲ့က တညီတညွတ်ထဲအတည်ပြုခဲ့ကြတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ကေဘယ်၊ ဆက်တလိုက်ဂြိုလ်တုနဲ့ အင်တာနက်ဝက်ဆိုဒ်မှာပါ ပိတ်မယ်လို့လည်းပြောပါတယ်။ Al Jazeera သတင်းဌာနကေတာ့ ဒီအပြုအမူဟာ လူ့အခွင့်အရေးနဲ့ သတင်းရပိုင်ခွင့်အခြေခံအခွင့်အရေးကို ချိုးဖောက်လိုက်တဲ့ရာဇဝတ်မှုဖြစ်တယ်လို့ ပြောပါတယ်။ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်တယ်ဆိုတဲ့ အစ္စရေးလ်ရဲ့ စွပ်စွဲပြောဆိုချက်တွေဟာ သူ့သတင်းထောက်တွေကို ထိခိုက်စေတဲ့ အန္တရာယ်ရှိပြီး အဓိပါယ်မဲ့တဲ့ အလိမ်အညာသာဖြစ်တယ်လို့ လည်းပြောပါတယ်။

အရှေ့ဂျေရုဆလင် Al Jazeera ရုပ်သံရုံးခန်း အစ္စရေးရဲတပ်ဖွဲ့စီးနင်း
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG