သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စေ့စပ်ရေးစကားပြောဖို့ စောလွန်းတယ်လို့ တူရကီဆိုင်ရာ အစ္စရေးသံအမတ် တုံ့ပြန်


ISRAEL PALESTINA ATAQUES SEGUNDO DIA
ISRAEL PALESTINA ATAQUES SEGUNDO DIA

ကြားဝင်စေ့စပ်ရေးကမ်းလှမ်းချက်တွေအကြောင်းပြောဖို့ အချိန် သိပ်စောလွန်းလှပါတယ်လို့ တူရကီနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး အီရစ် လီလီယံ (Irit Lillian) က တနင်္ဂနွေနေ့ က ပြောပါတယ်။ ဟားမားအဖွဲ့ဟာ တူရကီ ဒါမှမဟုတ် တခြားတနေရာရာမှာ ရှိမနေသင့်ဘူးဆိုတာကိုလည်း ခု တိုက်ခိုက်မှုတွေက ပြလိုက်တယ်လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။

ပါဝင်တဲ့အဖွဲ့အားလုံးနဲ့ အဆက်အသွယ်ရှိနေပြီး ပဋိပက္ခလျော့ပါးသွားအောင်လုပ်ဖို့ အသင့်ရှိတယ်လို့ တူရကီက ပြောပြီးတဲ့နောက် သတင်းထောက်တွေနဲ့ အွန်လိုင်းကတဆင့်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစ္စရေးသံအမတ်ကြီးက ခုလို ပြောလိုက်တာပါ။

“ကြားဝင်စေ့စပ်ရေးက မတူညီတဲ့အချိန်အမှတ်တွေမှာ လာတတ်ပါတယ်။ ခုအခါမှာတော့ ကျမတို့က သေဆုံးတဲ့အရေအတွက် ကို ရေတွက်နေရတာပါ။ အနာကျက်အောင် လုပ်နေရတာပါ။ အစ္စရေးနိုင်ငံသား ဘယ်နှစ်ယောက်ကို ဖမ်းသွားတယ်ဆိုတာ ကျမတို့ မသိသေးပါဘူး” လို့ သံအမတ်ကြီးက ပြောပါတယ်။ ဖမ်းသွားခံရတဲ့သူတွေ အိမ်ပြန်လာကြတာကို ကျမတို့ မြင်ချင်ကြပါတယ်။ အစ္စရေးနိုင်ငံနဲ့ ဒေသတွင်းမှာ ပြန်ပြီး တိတ်ဆိတ် အေးချမ်းသွားစေချင်ပါတယ်။ အဲဒီနောက်မှာမှ ကြားဝင်စေ့စပ်ရေးအကြောင်း ကျမတို့ ပြောနိုင်ပါတယ်။ ကြားဝင်စေ့စပ်ရာမှာ ဘယ်သူတွေ ပါမလဲ ပြောနိုင်ပါတယ်။” လို့ သံအမတ်ကြီး က ဆိုပါတယ်။

တူရကီက ဟားမားအဖွဲ့ဝင်တွေကို လက်ခံထားပြီး ဒီပဋိပက္ခမှာ ပါလက်စတိုင်းနိုင်ငံထူထောင်ပြီး နိုင်ငံ ၂ နိုင်ငံရပ်တည်ကြတဲ့ ဖြေရှင်းရေးမူကို ထောက်ခံပါတယ်။ အစ္စရေးနဲ့ ရန်ဘက်ဖြစ်နေခဲ့တာကိုလည်း ဆက်ဆံရေး ပြန်ထူထောင်ဖို့လုပ်နေတာပါ။ ဟားမားအဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် မသတ်မှတ်ပါဘူး။

စနေနေ့က အစ္စရေးကို ဟားမားအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် အင်အားကောင်းကောင်းနဲ့ လက်စားချေဖို့ အစ္စရေး က ကတိပြုကြေညာလိုက်ပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်း ရာပေါင်းများစွာသေခဲ့ကြပြီး အစ္စရေးက ဟားမားအဖွဲ့အပေါ် စစ်ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG