သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးအတွက် သူလျှိုလုပ်မှု သံသယရှိသူတွေကို တူရကီ ရုံးတင်စစ်ဆေးမည်


Turkiye'de İsrail karsiti protestolar
Turkiye'de İsrail karsiti protestolar

အစ္စရေးအတွက် သူလျှိုလုပ်မှု သံသယနဲ့ ထိန်းသိမ်းခဲ့သူ ၃၄ ဦးနက် ၁၅ ဦးကို ရုံးတင်စစ်ဆေးမယ်လို့ တူရကီ တရားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ ဒီလူတွေဟာ အစ္စရေးအတွက် နိုင်ငံရေး ဒါမှမဟုတ် စစ်ရေးအတွက် ထောက်လှမ်းနေသူတွေအဖြစ် သံသယရှိ ခံရသူတွေ ဖြစ်ပါတယ်။

ကနဦး ထိန်းသိမ်းခဲ့သူ ၃၄ ဦးအနက် တချို့ကို ခံဝန်နဲ့ ပြန်လွှတ်ထားပြီး ၊ တချို့ကိုတော့ ပြည်နှင်ဒဏ် ပေးမယ်လို့ဆိုပါတယ်။ အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက် Mossad ဟာ တူရကီမှာ နေထိုင်သူတချို့ကို တာဝန်ပေး ခန့်အပ် အသုံးချခဲ့တယ်လို့လည်း တူရကီနိုင်ငံပိုင် အန်နဒူလူ Anadolu သတင်းဌာနက ဖေါ်ပြပါတယ်။

အစ္စရေး ပြည်တွင်းလုံခြုံရေးအကြီးအကဲက သူတို့အဖွဲ့အစည်းအနေနဲ့ လစ်ဘနွန်၊ တူရကီ၊ ကာတာ အပါအဝင် ဘယ်နေရာမှာမဆို ဟာမတ်စ် အဖွဲ့ဝင်တွေကို လိုက်လံတိုက်ခိုက်မယ်လို့ ပြောကြားခဲ့ပြီးနောက် ၊ တူရကီ အစိုးရက သူတို့နိုင်ငံအတွင်း သင်္ကာ မကင်းတဲ့နေရာတွေကို ဝင်ရောက်စီးနင်းခဲ့တာပါ။

တူရကီသမ္မတ အာဒိုဝမ် Erdogan ကတော့ ၊ တူရကီ မြေပေါ်မှာရှိတဲ့ ဟာမတ်စ် အရာရှိတွေကို တိုက်ခိုက်လာရင်တော့ အစ္စရေးအနေနဲ့ ပြင်းထန်တဲ့ အကျိုးဆက်တွေ ရင်ဆိုရလိမ့်မယ်လို့ ကြေညာထားပါတယ်။

တူရကီ−အစ္စရေး ၂ နိုင်ငံတို့ဟာ ၂၀၂၂ မှာ ပုံမှန် သံတမန်ဆက်ဆံရေး ထားရှိခဲ့ပေမယ့် ၊ အစ္စရေး−ဟာမတ်စ် စစ်ပွဲ စတင်ပြီး မကြာခင်မှာပဲ ဆက်ဆံရေး ယိုယွင်းပျက်ပြားလာပြီး တူရကီအစိုးရက အစ္စရေးတို့ရဲ့ Gaza အပေါ် တိုက်ခိုက်မှုကို အပြင်းထန်ဆုံး ဝေဖန်သူဖြစ်လာခဲ့ပါတယ်။ အခုတော့ သံတမန်အဖွဲ့တွေကိုလည်း ပြန်လည် ရုပ်သိမ်းသွားကြပါပြီ။

အစ္စရေးအတွက် သူလျှိုလုပ်မှု သံသယရှိသူတွေကို တူရကီ ရုံးတင်စစ်ဆေးမည်
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG