သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်

အစ္စရေးလေကြောင်းတိုက်ခိုက်မှုအပြီး ပျက်စီးသွားတဲ့ Al-Maghazi ပါလက်စတိုင်းဒုက္ခသည်စခန်းက လူနေအိမ်တလုံး (ဇူလိုင် ၁၅၊ ၂၀၂၄)
အစ္စရေးလေကြောင်းတိုက်ခိုက်မှုအပြီး ပျက်စီးသွားတဲ့ Al-Maghazi ပါလက်စတိုင်းဒုက္ခသည်စခန်းက လူနေအိမ်တလုံး (ဇူလိုင် ၁၅၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသတလျှောက် လေကြောင်းကတိုက်ခိုက်မှုတွေ ဒီကနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒါဟာ ဂါဇာမှာ ဟာမတ်စ်အဖွဲ့ အကြီးတန်းခေါင်းဆောင်တဦးကို ပစ်မှတ်ထား တိုက်ခိုက်မှုအတွင်း လူ ၉၀ သေဆုံးခဲ့ရပြီး နောက်တနေ့မှာ အခုလို တိုက်ခိုက်မှုတွေ ဆက်လုပ်လာတာပါ။ အစ္စရေးစစ်တပ်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အကြမ်းဖက်သမားတွေရဲ့ အခြေခံအဆောက်အဦတွေရှိရာ ဂါဇာကမ်းမြောင် အလယ်ပိုင်းဒေသတွေကိုလည်း မြေပြင်စစ်ဆင်ရေးတွေ ထိုးစစ်ဆင်နေကြောင်း အစ္စရေး ကာကွယ်ရေးဌာနက ပြောပါတယ်။

အစ္စရေးက Khan Yunis မှာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ဟာမတ်စ်အဖွဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တဦးဖြစ်သူ Mohammad Deif ဆိုသူ ထိမှန်ခဲ့ခြင်း ရှိမရှိဆိုတာကိုတော့ အခုချိန်ထိ ကွဲကွဲပြားပြား မသိရသေးပါဘူး။ အစ္စရေးရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် သူတို့ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ Deif သေဆုံးခဲ့ကြောင်း အမည်မဖော်လိုတဲ့ ဟာမတ်စ်အဖွဲ့အရာရှိက အထောက်အထား တစုံတရာပြဆိုခြင်းမရှိဘဲ ပြောဆိုနေပါတယ်။

ဂါဇာမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းရေးနဲ့ ဟာမတ်စ်က ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေးတို့အတွက် အီဂျစ်၊ ကာတာနဲ့ အမေရိကန်ပြည်ထောင်စုတို့ ကာလအတန်ကြာ ဆွေးနွေး ညှိနှိုင်းနေကြပေမယ့် အခုချိန်ထိ သဘောတူညီချက် မရနိုင်သေးဘဲ ဖြစ်နေပါတယ်။

ဂါဇာမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG