သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်က ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေ အစ္စရေး လေကြောင်းကတိုက်ခိုက်


အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း လက်ဘနွန်တောင်ပိုင်းဒေသမှာ မိးခိုးလုံးတွေမြင်ရစဉ် (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄)
အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း လက်ဘနွန်တောင်ပိုင်းဒေသမှာ မိးခိုးလုံးတွေမြင်ရစဉ် (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄)

လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ ဟစ်ဇ်ဘိုလာ လက်နက်ပစ္စည်း သိုလှောင်ထားတဲ့နေရာကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို၊ လက်ဘနွန်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အများအပြားကိုလည်း ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးက ဒီနေ့ပဲပြောပါတယ်။ ဂါဇာတောင်ပိုင်းမှာရှိတဲ့ Khan Younis ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ခဲ့တဲ့အပြင် ဂါဇာမြောက်ပိုင်းမှာလည်း မြေပြင်စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က သတင်း ထုတ်ပြန်ထားပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံ လွတ်မြောက်ရေး သဘောတူညီချက်သစ်ဖြစ်တဲ့ အမေရိကန်သမ္မတ Joe Biden ရဲ့ အဆိုပြုချက်နဲ့ပတ်သက်လို့ ဒီကိစ္စမှာ ပါဝင် ဆွေးနွေးကြတဲ့ ကာတာ၊​ အစ္စရေးနဲ့ ဟားမတ်စ်တို့က ဖြစ်နိုင်ခြေမရှိကြောင်း ပြောဆိုပါတယ်။​ ပြီးခဲ့တဲ့ သီတင်းပတ်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ဆွေးနွေးခဲ့တဲ့ မွတ်ဆလင် ဥပုသ်လအတွင်း ရက်ပေါင်း ၄၀ ကြာ အပစ်အခတ်ရပ်ဆဲမယ့် အစီအစဉ်ကိုတော့ ဟာမတ်စ်ဘက်က သဘောတူလက်ခံဖို့ စဉ်းစားနေပါတယ်။

ကာတာမှာရောက်နေတဲ့ နှစ်ဘက်စလုံးက တာဝန်ရှိသူတွေကတော့ အသေးစိတ်အချက်အလက်တွေ ညှိနှိုင်းနိုင်ဖို့အတွက် ကြိုးစားနေကြတာပါ။ ကာတာနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Majed al-Ansari က "သဘောတူညီချက်ကို အကောင်အထည် ဖော်ရာမှာ အဟန့်အတားဖြစ်စေတဲ့ ကိစ္စရပ်တွေအပေါ် အပြီးသတ် သဘောတူညီချက် မရှိသေးတဲ့အကြောင်း၊ သဘောတူညီချက် တစ်ခုခုရနိုင်မယ်လို့ မျှော်လင့်ကြောင်း" ပြောပါတယ်။ဟာမတ်စ် တာဝန်ရှိသူတဦးကတော့ အပစ်အခတ်ရပ်စဲရေးနဲ့ အစ္စရေးတပ်တွေ ဆုတ်ခွာပေးရေး ကိစ္စတွေမှာ ကွာဟချက် ကြီးကြီးမားမား ရှိနေတုန်းပဲလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG