သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွမ်တောင်ပိုင်းကို အစ္စရေးလေကြောင်းတိုက်ခိုက်


APTOPIX Israel Lebanon
APTOPIX Israel Lebanon

အစ္စရေးနိုင်ငံမြောက်ပိုင်းကမြို့တမြို့ကို ဒုံးကျည်တစင်းထိမှန်ပြီးနောက် ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ လက်ဘနွန်တောင်ပိုင်းကို အစ္စရေးဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ဖြစ်စဥ်အတွင်း နယ်စပ်နှစ်ဘက်စလုံးမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

လက်ဘနွန်ဘက်ခြမ်းက Souaneh ရွာမှာ ဆီးရီးယားအမျိုးသမီးတဦးနဲ့ သူ့ရဲ့ လက်ဘနွန်ကလေးငယ်နှစ်ဦးအပါအဝင် လူလေးဦးသေဆုံးခဲ့ပြီး အနည်းဆုံး ကိုးဦးဒဏ်ရာရခဲ့ကြောင်း လက်ဘနွမ်လုံခြုံရေးအရာရှိတွေနဲ့ ဒေသခံမီဒီယာတွေကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြထားပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ Al-Manar တီဗီသတင်းမှာဖော်ပြချက်အရ အဒ်ချစ် (Adchit) အမည်နဲ့ ကျေးရွာမှာလည်း လေကြောင်းတိုက်ခိုက်ခံခဲ့ပြီး လူတဦးသေဆုံးကာ ကိုးဦးဒဏ်ရာရရှိခဲ့တယ်ဆိုပေမယ့် သေဆုံးခဲ့သူက အရပ်သားလား၊ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်လားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဗုဒ္ဓဟူးနေ့အစောပိုင်း ဖြစ်ခဲ့တဲ့ အစ္စရေးနိုင်ငံမြောက်ပိုင်း Safed မြို့က နေအိမ်တလုံးကို ဒုံးကျည်ထိမှန်ခဲ့တဲ့ဖြစ်စဥ်မှာတော့ အနည်းဆုံး လူ ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ အစ္စရေးမီဒီယာက ဖော်ပြခဲ့ပေမယ့် အစ္စရေးစစ်တပ်ကတော့ ချက်ချင်းအတည်မပြုခဲ့ပါဘူး။ ဟစ်ဇ်ဘိုလာဘက်ကတော့ Safed ကို သူတို့ တိုက်တာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။

လက်ဘနွန်တောင်ပိုင်းကို အစ္စရေးလေကြောင်းတိုက်ခိုက်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG