သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်ကာကွယ်ရေးဝန်ကြီးနဲ့ ပါလက်စတိုင်းသမ္မတ တွေ့ဆုံဆွေးနွေး


ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းဆန္ဒပြပွဲတခု (ဓာတ်ပုံ- AFP)
ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းဆန္ဒပြပွဲတခု (ဓာတ်ပုံ- AFP)

(Zawgyi/Unicode)

အစ္စရေးလ် ကာကွယ်ရေးဝန်ကြီးနဲ့ ပါလက်စတိုင်း သမ္မတတို့တနင်္ဂနွေနေ့မှာ နှစ်ပေါင်းများစွာအတွင်း အဆင့်မြင့်ခေါင်းဆောင်တွေ ပထမဆုံး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပါလက်စတိုင်း သမ္မတ Mahmound Abbas နဲ့ အစ္စရေးလ်ခေါင်းဆောင်တွေကြား ဆက်ဆံရေးတွေ လုံးဝနီးပါး ရပ်သွားတော့မလိုဖြစ်နေပေမယ့် ဒီအစည်းအဝေးရ ဆက်ဆံရေးလမ်းကြောင်းတွေ ပြောင်းလဲလာနိုင်ခြေရှိတဲ့ သဘောလည်းဖြစ်ပါတယ်။

အစ္စရေးလ် ဝန်ကြီးချုပ်ဟောင်း Benjamin Netanyahu လက်ထက်မှာ လက်စတိုင်းတို့အပေါ် တင်းမာတဲ့မူဝါဒတွေချမှတ်ခဲ့တာကြောင့် အဲဒီကာလတလေ ျှာက်လုံး နှစ်ဖက် ဆက်ဆံရေးတွေ မပြေမလည်ဖြစ်ခဲ့တာပါ။ အမေရိကန်သမ္မတဟောင်း Donald Trump ကလည်း အစ္စရေးလ်ဝန်ကြီးချုပ်ဟောင်း Netanyahu ရဲ့ ပါလက်စတိုင်းဆိုင်ရာ မူဝါဒတွေကို ထောက်ခံခဲ့သလို အမေရိကန်သံရုံးကိုလည်း Tel Avid မြို့ကနေ Jerusalem မြို့ဆီပြောင်းဖွင့်ခဲ့ပါတယ်။

အဲဒီနှစ်တွေအတွင်း ပါလက်စတိုင်းသမ္မတ Abbas က အမေရိကန်ပြည်ထောင်စုနဲ့ရော အစရေးလ်နဲ့ပါ ဆက်ဆံရေးတွေ ရပ်တန့်ထားခဲ့တာဖြစ်ပါတယ်။ သမ္မတ Abbas ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့ စိတ်ချရတဲ့သူမဟုတ်ဘူးလို့ ဝန်ကြီးချုပ်ဟောင်း နေသန်ယာဟုက အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝန်ကြီးချုပ်ဟောင်း နေသန်ယာဟုအပေါ် ဝေဖန်တဲ့သူ တွေကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှု မလုပ်ချင်တဲ့အတွက် တမင်သက်သက်အကြောင်းပြချက်အဖြစ် ရှုမြင်ကြပါတယ်။

အစ္စရေးလ်ဝန်ကြီးချုပ်သစ် Naftali Bennett နဲ့ အမေရိကန်သမ္မတ Joe Biden တို့ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံလိုက်ပြီးမကြာခင်မှာပဲ အစ္စရေလ်းနဲ့ ပါလက်စတိုင်း ထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။ အစ္စရေးတို့ ထိန်းချုပ်ထားတဲ့ ဂါဇာမြစ်အနောက်ဖက်ကမ်းက Tamallah မြို့မှာ ခေါင်းဆောင် ၂ ယောက်တို့ရဲ့ တင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အစ္စရေးလ် နေ့စဉ်သတင်းစာ Haaretz မှာ ဖော်ပြထားပါတယ်။

............................................................................................

တိုက်ရိုက် လင့်ခ်


အစ်စရေးလျကာကှယျရေးဝနျကွီးနဲ့ ပါလကျစတိုငျးသမ်မတ တှေ့ဆုံဆှေးနှေး

(Unicode)





XS
SM
MD
LG