သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၅ ဂျပန်နိုင်ငံဘတ်ဂျက် စံချိန်တင်တိုးမြှင့်


တိုကျိုမြို့မှာရှိတဲ့ ဂျပန်လွှတ်တော်အဆောက်အဦး။
တိုကျိုမြို့မှာရှိတဲ့ ဂျပန်လွှတ်တော်အဆောက်အဦး။

ဂျပန်နိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွက် စံချိန်တင်တိုးမြှင့်ထားတဲ့ အစိုးရအသုံးစရိတ်ကို ဒီနေ့ အတည်ပြု လိုက်ပါတယ်။

ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံအပါအဝင် လာမယ့်နှစ် ဧပြီလမှာ စတင် အသက်ဝင်မယ့် ရသုံးမှန်းခြေအသုံးစရိတ် ဒေါ်လာ ဘီလျံ ၇၃၀ ကို ဂျပန်အစိုးရက အတည်ပြု လိုက်တာ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေများလာတဲ့အတွက် လူမှုဖူလုံရေးအသုံးစရိတ်၊ ဒေသတွင်း ခြိမ်းခြောက်ရန်တွေကို ကိုင်တွယ်တုံ့ပြန်ဖို့ ကာကွယ်ရေးအသုံးစရိတ် စတာတွေကို သိသိသာသာ တိုးမြှင့်ထားပါတယ်။

ဒုတိယကမ္ဘာစစ်ပွဲပြီးနောက်ပိုင်း အခက်ခဲ၊ အရှုပ်ထွေးဆုံး လုံခြုံရေးအခြေအနေ ရင်ဆိုင်နေရတယ်လို့ ဝန်ကြီးချုပ် Shigeru Ishiba သတိပေးထားတဲ့အချက်ကို ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထပ်မံသတိပေး ပြောကြားခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံရဲ့ဖွဲ့စည်းပုံစည်းမျဉ်းအရ ဂျပန်နိုင်ငံအနေနဲ့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်နိုင်တဲ့ စစ်ရေးစွမ်းရည်သာထားရှိဖို့ ကန့်သတ်ထားတာပါ။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ စိန်ခေါ်မှုတွေကို အထူးရင်ဆိုင်နေရတယ်လို့ ထောက်ပြပြီး အရေးပါတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အရေးပါတဲ့ မူဝါဒတွေကို ၂၀၂၂ ခုနှစ်မှာ ပြင်ဆင်ခဲ့ပါတယ်။

ဂျပန်မှာ ကလေးမွေးဖွားနှုန်း အင်မတန်နည်းနေပြီး နိုင်ငံခြားက ရွှေ့ပြောင်းအခြေချသူတွေကိုလည်း အင်မတန်သတိထားလက်ခံနေတာကြောင့် သက်ကြီးရွယ်အိုများလာတဲ့ ပြဿနာကလည်း နောက်ထပ် စိန်ခေါ်မှုတခုဖြစ်နေပါတယ်။ ဂျပန်ဟာ ကမ္ဘာမှာ သက်ကြီးရွယ်အိုအများဆုံး နိုင်ငံတခုဖြစ်နေပြီး အသက် ၆၅ နှစ်ကျော် လူဦးရေ အချိုးအစားဟာ ဒီနှစ်မှာ စံချိန်တင်များခဲ့ပါတယ်။

၂၀၂၅ ဂျပန်နိုင်ငံဘတ်ဂျက် စံချိန်တင်တိုးမြှင့်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG