သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓားသမားလက်ချက် တိုကျိုအဝေးပြေးရထား ခရီးသည် ၂၀ ခန့် ဒဏ်ရာရ


ဂျပန် အဝေးပြေးရထားပေါ်မှာ ဓားနဲ့လိုက်ရမ်းနေသူတဦးကြောင့် ခုန်ချထွက်ပြေးနေတဲ့ ခရီးသည်များ။ (အောက်တိုဘာ ၃၁၊ ၂၀၂၁)
ဂျပန် အဝေးပြေးရထားပေါ်မှာ ဓားနဲ့လိုက်ရမ်းနေသူတဦးကြောင့် ခုန်ချထွက်ပြေးနေတဲ့ ခရီးသည်များ။ (အောက်တိုဘာ ၃၁၊ ၂၀၂၁)

(Zawgyi / Unicode)

ဂျပန်နိုင်ငံ တိုကျိုမြို့ အဝေးပြေးရထားတစင်းပေါ်မှာ တနင်္ဂနွေနေ့က ဓားနဲ့လိုက်ရမ်းနေသူ တဦးဟာ ရထားပေါ် မီးမရှို့ခင် လူအတော်များများကို ဓားနဲ့လိုက်ထိုးခဲ့တာကြောင့် ခရီးသွားတွေ ကစဉ့်ကလျားနဲ့ ရထားပြတင်းတံခါးကနေ ခုန်ချသူတွေတောင် ရှိခဲ့ကြောင်း ရဲနဲ့ မျက်မြင်တွေက ပြောပါတယ်။ Keio ရထားလိုင်းပေါ်မှာ ဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ Kokuryo ဘူတာနားမှာ ဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ခိုက်မှုအတွင်း ခရီးသွားပြည်သူ ၁၇ ဦး ဒဏ်ရာရခဲ့ပြီး သူတို့ထဲက ၃ ဦးကတော့ အခြေအနေ စိုးရိမ်ရတယ်လို့ တိုကျိုမီးသတ်ဌာနက ပြောပါတယ်။

လူတွေကို ဓားနဲ့လိုက်ထိုးပြီးနောက် ဓားသမားဟာ ဓာတ်ဆီလို့ယူဆရတဲ့ အရည်တမျိုးကို လောင်းချပြီး မီးရှို့ခဲ့တာကြောင့် ရထားထိုင်ခုံတချို့ မီးလောင်ကျွမ်းခဲ့ပါတယ်။

အဲဒီဓားသမားဟာ အသက် ၂၀ ဝန်းကျင်ရှိသူ အမျိုးသားတဦးဖြစ်ပြီး အခင်းဖြစ်တဲ့နေရာမှာတင် သူ့ကို ဖမ်းမိခဲ့တာပါ။ လူသတ်ရန်အားထုတ်မှု သံသယနဲ့ သူ့ကို စစ်မေးနေပြီး ဘာရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုတော့ လောလောဆယ် မသိရသေးဘူးလို့ NHK သတင်းမှာ ဖော်ပြပါတယ်။

အဖမ်းခံရတဲ့ ဓားသမားဟာ ကာတွန်းစာအုပ်ထဲက ဇာတ်ကောင်လိုမျိုး Halloween ပွဲတော် သွားရောက်မယ့် သူတယောက်လို ဝတ်ဆင်ထားတယ်လို့ မျက်မြင်တွေက ရဲကိုပြောကြောင်း NHK က ဆိုပါတယ်။

တိုကျိုအိုလံပစ်ပွဲ မတိုင်ခင်တရက် သြဂုတ်လတုန်းကလည်း အသက် ၃၆ နှစ်အရွယ် ဓားနဲ့လိုက်ရမ်းသူတဦးကြောင့် ရထားပေါ်မှာ ခရီးသည် ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)








XS
SM
MD
LG