သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဧကရာဇ် Akihito ထီးနန်းစွန့်


ဂျပန် ဧကရာစ် Akihito က သူ့ရဲ့ သား အကြီးဆုံးကို ထီးနန်း အရိုက်အရာ လွှဲပေးလိုက်ပါပြီ။ တိုကျိုမြို့တော်က Imperial နန်းတော်မှာ အင်္ဂါနေ့က နောက်ဆုံး မိန့်ခွန်းပြောတာမှာတော့ သူ့ရဲ့ နန်းစံသက် နှစ်ပေါင်း ၃၀ အတွင်း ဂျပန်ပြည်သူတွေရဲ့ ထောက်ခံမှု အပေါ်မှာ ကျေးဇူးတင်ကြောင်း ပြောဆိုသွားပါတယ်။

ပြည်သူတွေရဲ့ အပြည့်အ၀ ယုံကြည် အားကိုးမှုကြောင့် သူ့ရဲ့ တာဝန်တွေကို အပြည့်အ၀ ထမ်းဆောင်နိုင်ခဲ့တာဟာဆိုရင် ကံကောင်းတာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဧကရာဇ် Akihito ရဲ့ အုပ်ချုပ်မှုက ဂျပန်စံတော်ချိန် အင်္ဂါနေ့ ညသန်းခေါင်းမှာ ကုန်ဆုံးပြီးနောက်မှာတော့ အိမ်ရှေ့စံ မင်းသား Naruhito က ၁၂၆ ဦးမြောက် ဂျပန် ဧကရာဇ် သစ် ဖြစ်လာခဲ့ပါပြီ။

ထီးနန်း အရိုက်အရာကို စွန့်မယ်ဆိုတာကို ၂၀၁၆ ခုှစ်မှာ ဂျပန် ဧကရာဇ် Akihito က ပထမဆုံး ကြေညာခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ ကျန်းမာရေးနဲ့ အသက်အရွယ်ကြောင့် တာဝန်တွေ ထမ်းဆောင်ဖို့ မတတ်နိုင် ဖြစ်နေသလားဆိုတဲ့ အပေါ်မှာ စိုးရိမ်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဂျပန် ဧကရာဇ်ရဲ့ အခန်းကဏ္ဍက နိုင်ငံရဲ့ အဆောင်အယောင် တခုသာ ဖြစ်ပြီး နိုင်ငံရေး အာဏာ ချုပ်ကိုင်ထားတာတော့ မရှိပါဘူး။

ဂျပန်ဧကရာဇ် Akihito ထီးနန်းစွန့်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG