သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အိမ်ရှေ့စံ Naruhito မေလ ၁ ရက် နန်းတက်မည် 


အိမ်ရှေ့စံမင်းသား Naruhito

ဂျပန်နိုင်ငံမှာ လက်ရှိ Heisei ခေတ် ကနေ အိမ်ရှေ့စံမင်းသား Naruhito နန်းတက်တာနဲ့အတူ ပြောင်းမယ့် ခေတ်နာမည်အသစ်ကို ဒီကနေ့ မေလ ၁ ရက်နေ့ ဂျပန်စံတော်ချိန် မနက် ၁၁ နာရီခွဲမှာ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Yoshihide Suga က ကြေညာမယ့်အကြောင်း NHK သတင်းဌာနက ဖော်ပြထားပါတယ်။

ခေတ်သစ်အတွက် နာမည်အသစ်အဖြစ် ရွေးချယ်စရာ ၂ ခုကနေ ၅ ခု ကို ပညာရှင်တွေ တင်သွင်းဖို့ ဂျပန်အစိုးရက မတ်လ ၁၄ ရက်နေ့မှာ တရားဝင်ပန်ကြားခဲ့ပါတယ်။ နာမည်သစ်က စကားလုံးတွေရဲ့ အဓိပ္ပါယ်နဲ့ ဘယ်က ဆင်းသက်လာသလဲ ဆိုတာတွေအားလုံးကို ပညာရှင်တွေက အစိုးရဆီ ပူးတွဲ တင်သွင်းခဲ့ရတာဖြစ်ပြီး အဲဒီထဲက ခေါ်ဝေါ် ရေးသားဖို့ လွယ်ကူတာ အပါအဝင် သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီမယ့် တခုကို ရွေးချယ်မှာပါ။

နေ့လည် မွန်းတဲ့ချိန်လောက်မှာတော့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ခေတ်နာမည်သစ် ရွေးချယ်မှုအကြောင်း ရှင်းပြမှာပါ။ အိမ်ရှေ့စံမင်းသား Naruhito နန်းတက်တဲ့ မေလ ၁ ရက်နေ့ကစပြီး နာမည်အသစ်ကို တရားဝင်စတင် သုံးမှာဖြစ်ပြီး ဒီမတိုင်ခင်တရက်ဖြစ်တဲ့ ဧပြီလ ၃၀ ရက်နေ့မှာတော့ ဘုရင် Akihito က နန်းစွန့်မှာ ဖြစ်ပါတယ်။

ဂျပန်အိမ်ရှေ့စံ Naruhito မေလ ၁ ရက် နန်းတက်မည်
please wait

No media source currently available

0:00 0:00:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG