သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ်နဲ့ အီရန်ဥသျှောင်တို့ တွေ့ဆုံ ဆွေးနွေးမည်


ဂျပန်ဝန်ကြီးချုပ်နဲ့ အီရန်ဥသျှောင်တို့
ဂျပန်ဝန်ကြီးချုပ်နဲ့ အီရန်ဥသျှောင်တို့

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ အီရန်နိုင်ငံရဲ့ ဥသျှောင် အယာတိုလာ အလီ ခါမေနီနဲ့ အခုလအကုန်မှာတွေ့ဆုံမှာဖြစ်ပြီး ဂျပန်အစိုးရအနေနဲ့ အမေရိကန် နဲ့အီရန်နိုင်ငံကြားမှာ ကြားဝင်စေ့စပ်ပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

ဂျပန်ရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ အမေရိကန် နဲ့ အီရန်နိုင်ငံကြားတင်းမာမှုတွေ မြင့်တက်လာနေတာနဲ့ အမျှ၊ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ နှစ်နိုင်ငံကြားမှာ ကြားဝင်စေ့စပ်ပေးဖို့ ကမ်းလှမ်းခဲ့ပြီး အီရန်နိုင်ငံကိုလည်း နိုင်ငံတော်ခရီးစဉ်အဖြစ်နဲ့ တရားဝင်သွားရောက်ဖို့ ချိန်နေတယ်လို့ သိရပါတယ်။

Mainichi Shimbum သတင်းအရတော့ အီရန်ခေါင်းဆောင်ကြီး ခါမေနီနဲ့ ဝန်ကြီးချုပ် အာဘေးတို့ တွေ့ဆုံဖို့ အစီအစဉ်ဟာ ဂျပန်ဝန်ကြီးချုပ်တဦးနဲ့ အီရန်ဥသျှောင်တို့အကြား ပထမဆုံး တွေ့ဆုံမှုဖြစ်ပါလိမ့်မယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ပ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို နိုင်ငံတော်တရားဝင်ခရီးစဉ်အဖြစ် လာရောက်ခဲ့စဉ်တုန်းက သူ့အနေနဲ့ အီရန်အစိုးရနဲ့ ဆွေးနွေးဖို့အတွက် လမ်းဖွင့်ထားဆဲဖြစ်တယ်လို့ ပြီးခဲ့တဲ့တပတ်မှာ ပြောကြားလိုက်တာက ဂျပန်ဝန်ကြီးချုပ်ရဲ့ အစီအစဉ်ကို လုပ်ဖို့အတွက် ခွင့်ပြုလိုက်တာဖြစ်ပုံရပါတယ်။

ဝန်ကြီးချုပ် အာဘေးဟာ အီရန်ခေါင်းဆောင်ကြီး ခါမေနီ နဲ့ မတွေ့ဆုံခင်မှာ အီရန်သမ္မတ ဟာဆန် ရူဟာနီနဲ့လည်း တွေ့ဆုံသွားမှာဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟာ အီရန်နိုင်ငံကို လာမယ့် ဇွန်လ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ သွားရောက်မှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အစိုးရသတင်းရင်းမြစ်ကို ကိုးကားပြီး Mainichi Shimbum သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG