သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္အာကာသယာဥ္ ေအာင္ျမင္မႈ ျပည္သူေတြ ၾသဘာေပး


အာကာသယာဥ္ Hayabusa 2 က အစိတ္အပိုင္းတခုကုိ ေအာင္ျမင္စြာ ခြဲထုတ္ႏိုင္ၿပီး ကမာၻေျမျပင္ေပၚ ျပန္လႊတ္ႏုိင္တဲ့အတြက္ ေအာင္ပြဲခံေနၾကသူမ်ား။ (ဒီဇင္ဘာ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

ဂ်ပန္ႏုိင္ငံမွာ အာကာသအေရး တက္ႂကြေနသူေတြ ဂ်ပန္အာကာသယာဥ္တခုကေန အစိတ္အပိုင္းတခုကုိ ေအာင္ျမင္စြာ ခြဲထုတ္ႏိုင္ၿပီး ကမာၻေျမျပင္ေပၚ ျပန္လႊတ္လိုက္တာကို အားပါးတရ ၾသဘာေပး ေပ်ာ္ျမဴးခဲ့ၾကပါတယ္။

Hayabusa 2 အာကာသယာဥ္အေနနဲ႔ ခုလို ေအာင္ျမင္စြာ ေျမျပင္ေပၚကို ျပန္ခ်ေပးလိုက္တဲ့ ယာဥ္အစိတ္အပိုင္းထဲမွာ ကမာၻၿဂိဳဟ္ေပၚက ေနေရာင္စနစ္နဲ႔ သက္ရွိသဘာဝ မူရင္းဇာစ္ျမစ္ကို သိရွိႏုိင္ဖို႔ လမ္းစဖြင့္ေပးႏုိင္မယ့္ အနားက ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားတခုရဲ႕ စမ္းသပ္နမူနာေတြ ပါသြားမယ္လို႔ ဂ်ပန္အာကာသအဖြဲ႔က ဆိုပါတယ္။

ဂ်ပန္အာကာသေလ့လာေရး ေအဂ်င္စီအဖြဲ႔က ဒီ အာကာသယာဥ္ အစိတ္အပိုင္းကို မေန႔ ေန႔လယ္ကပဲ မိုင္ေပါင္း ၁၃၆,၇၀၀ အကြာမွာ တကယ့္ကို ခက္ခဲတဲ့ စိန္ေခၚမႈႀကီးေတြ ေက်ာ္လႊားၿပီး အေသအခ်ာ အေသးစိတ္ ထိန္းခ်ဳပ္စီမံမႈေတြနဲ႔ ခုလို ေအာင္ျမင္စြာ ျဖဳတ္ခ်ႏိုင္ခဲ့တာလို႔ ထုတ္ေျပာလိုက္ပါတယ္။

အသက္ ၆၀ အရြယ္ ကြန္ျပဴတာပညာရွင္ Ichiro Ryokou က “အရင္ Hayabusa အာကာသယာဥ္အျဖစ္တုန္းက တကယ့္ကို ဆိုးဆိုးဝါးဝါး အေျခအေနနဲ႔ ျပန္ဆင္းလာခဲ့ရတယ္။ အခု Hayabusa အတြက္ေတာ့ တကယ့္ကို ခ်ီးက်ဴးလုိက္ၿပီ။ ဘာလို႔လဲဆိုေတာ့ ဒီတေခါက္ ဘာျပႆနာမွ မတက္ခဲ့ဘူး” လို႔ ဂ်ပန္လို ေျပာသြားတာပါ။

ဂ်ပန္ႏုိင္ငံတလႊားမွာေတာ့ အာကာသခရီး စိတ္ဝင္စားၾကသူေတြအေနနဲ႔ ဒီ အာကာသယာဥ္ အစိတ္အပိုင္း ေအာင္ျမင္စြာ ျဖဳတ္ခ်ႏိုင္ခဲ့တာကို အမ်ားျပည္သူၾကည့္ႏိုင္တဲ့ ေနရာေတြကေန အုတ္ေအာ္ေသာင္းနင္း အားေပးခဲ့ၾကပါတယ္။

တကယ္ေတာ့ ဒီအာကာသယာဥ္ အစိတ္အပိုင္းဟာ ၾသစေၾတးလ်ႏိုင္ငံ ေတာင္ပိုင္းက လူေနက်ဲၿပီး အာကာသစခန္းေတြရွိတဲ့ Woomera ၿမိဳ႕မွာ ဒီေန႔ တနဂၤေႏြေန႔ ဆင္းသက္ေရာက္ရွိလာမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ဂျပန်အာကာသယာဉ် အောင်မြင်မှု ပြည်သူတွေ သြဘာပေး

ဂျပန်နိုင်ငံမှာ အာကာသအရေး တက်ကြွနေသူတွေ ဂျပန်အာကာသယာဉ်တခုကနေ အစိတ်အပိုင်းတခုကို အောင်မြင်စွာ ခွဲထုတ်နိုင်ပြီး ကမ္ဘာမြေပြင်ပေါ် ပြန်လွှတ်လိုက်တာကို အားပါးတရ သြဘာပေး ပျော်မြူးခဲ့ကြပါတယ်။

Hayabusa 2 အာကာသယာဉ်အနေနဲ့ ခုလို အောင်မြင်စွာ မြေပြင်ပေါ်ကို ပြန်ချပေးလိုက်တဲ့ ယာဉ်အစိတ်အပိုင်းထဲမှာ ကမ္ဘာဂြိုဟ်ပေါ်က နေရောင်စနစ်နဲ့ သက်ရှိသဘာဝ မူရင်းဇာစ်မြစ်ကို သိရှိနိုင်ဖို့ လမ်းစဖွင့်ပေးနိုင်မယ့် အနားက ဂြိုဟ်သိမ်ဂြိုဟ်မွှားတခုရဲ့ စမ်းသပ်နမူနာတွေ ပါသွားမယ်လို့ ဂျပန်အာကာသအဖွဲ့က ဆိုပါတယ်။

ဂျပန်အာကာသလေ့လာရေး အေဂျင်စီအဖွဲ့က ဒီ အာကာသယာဉ် အစိတ်အပိုင်းကို မနေ့ နေ့လယ်ကပဲ မိုင်ပေါင်း ၁၃၆,၇၀၀ အကွာမှာ တကယ့်ကို ခက်ခဲတဲ့ စိန်ခေါ်မှုကြီးတွေ ကျော်လွှားပြီး အသေအချာ အသေးစိတ် ထိန်းချုပ်စီမံမှုတွေနဲ့ ခုလို အောင်မြင်စွာ ဖြုတ်ချနိုင်ခဲ့တာလို့ ထုတ်ပြောလိုက်ပါတယ်။

အသက် ၆၀ အရွယ် ကွန်ပြူတာပညာရှင် Ichiro Ryokou က “အရင် Hayabusa အာကာသယာဉ်အဖြစ်တုန်းက တကယ့်ကို ဆိုးဆိုးဝါးဝါး အခြေအနေနဲ့ ပြန်ဆင်းလာခဲ့ရတယ်။ အခု Hayabusa အတွက်တော့ တကယ့်ကို ချီးကျူးလိုက်ပြီ။ ဘာလို့လဲဆိုတော့ ဒီတခေါက် ဘာပြဿနာမှ မတက်ခဲ့ဘူး” လို့ ဂျပန်လို ပြောသွားတာပါ။

ဂျပန်နိုင်ငံတလွှားမှာတော့ အာကာသခရီး စိတ်ဝင်စားကြသူတွေအနေနဲ့ ဒီ အာကာသယာဉ် အစိတ်အပိုင်း အောင်မြင်စွာ ဖြုတ်ချနိုင်ခဲ့တာကို အများပြည်သူကြည့်နိုင်တဲ့ နေရာတွေကနေ အုတ်အော်သောင်းနင်း အားပေးခဲ့ကြပါတယ်။

တကယ်တော့ ဒီအာကာသယာဉ် အစိတ်အပိုင်းဟာ သြစတြေးလျနိုင်ငံ တောင်ပိုင်းက လူနေကျဲပြီး အာကာသစခန်းတွေရှိတဲ့ Woomera မြို့မှာ ဒီနေ့ တနင်္ဂနွေနေ့ ဆင်းသက်ရောက်ရှိလာမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG