သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တုိက်ဳိနဲ႔အနီးအနား ေဒသ ၃ ခုမွာ ကိုဗစ္ထိန္းခ်ဳပ္ဖို႔ အေရးေပၚအေျခအေနေၾကညာ


ဂ်ပန္ ဝန္ႀကီးခ်ဳပ္ Yoshihide Suga အေရးေပၚအေျခအေန ေၾကျငာခ်က္ ထုတ္ျပန္ေနတာကို ဂ်ပန္ႏိုင္ငံ တိုဂ်ိဳၿမိဳ႕ရွိ တီဗီဖန္သားျပင္ေပၚကေန ေတြ႔ရ။ (ဇန္နဝါရီ ၀၇၊ ၂၀၂၁)

[Zawgyi/Unicode]

ဂ်ပန္ႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ပိုးကူးစက္သူ ပိုတိုးလာေနၿပီး တိုက်ိဳၿမိဳ႕ေတာ္မွာ တရက္ထဲ ေသဆံုးသူ ၂,၄၄၇ ဦးအထိ စံခ်ိန္တင္ျမင့္တက္လာတာေၾကာင့့္ တိုက်ိဳနဲ႔ အနီးနားေဒသ ၃ ခုကို အေရးေပၚအေျခအေန ေၾကညာလိုက္ပါၿပီ။

ဂ်ပန္ ဝန္ႀကီးခ်ဳပ္ Yoshihide Suga က ဒီေန႔မွာပဲ အေရးေပၚအေျခအေန ေၾကညာလိုက္တာပါ။

“က်ေနာ္တို႔ အေရးေပၚအေျခအေန ေၾကညာလိုက္ပါၿပီ။ ဒီ အေရးေပၚအေျခအေနကို အေကာင္အထည္ေဖာ္ရမဲ့ကာလက ဂ်ပန္ျပကၡဒိန္ စတင္တာရဲ့ တတိယေျမာက္ျဖစ္တဲ့ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီ ၇ ရက္ေန႔ကေနစၿပီး ေဖေဖာ္ဝါရီ ၇ ရက္ေန႔အထိ တစ္လျဖစ္ပါတယ္။ အေကာင္အထည္ေဖာ္ရမဲ့ ေဒသေတြကေတာ့ Chiba ခရိုင္၊ တိုက်ိဳနဲ႔ Kanagawa ခရိုင္တို႔ျဖစ္ပါတယ္။” လို႔ ေျပာသြားတာပါ။

ဒီေၾကညာခ်က္မွာ အဓိက တားျမစ္ထားတာက စားေသာင္ဆိုင္နဲ႔ ဘားေတြကို ည ၈ နာရီပိတ္ဖို႔နဲ႔ လူေတြအေနနဲ႔ အိမ္မွာေနၿပီး လူစုတာေတြမလုပ္ဖို႔ျဖစ္ပါတယ္။

ဒီေၾကညာခ်က္ထဲမွာ အပစ္ဒဏ္ခတ္မယ္ဆိုတာေတာ့ မပါဘူး။ ဒါေပမဲ့ ဂ်ပန္ႏိုင္ငံအေနနဲ႔ စီးပြားေရးဆက္လည္ပတ္ႏိုင္ဖို႔ ရုန္းကန္ေနရခ်ိန္မွာ ျပင္းျပင္းထန္ထန္ လုပ္ေဆာင္လိုက္တာျဖစ္ပါတယ္။

ကုန္တိုက္ႀကီးေတြနဲ႔ ေက်ာင္းေတြကေတာ့ ဆက္ဖြင့္ထားမွာျဖစ္ပါတယ္။ ဒါေပမဲ့ ရုပ္ရွင္ရံုေတြ၊ ျပတိုက္ေတြနဲ႔ အျခား လူမ်ားႏိုင္တဲ့ လႈပ္ရွားမႈေတြကိုေတာ့ လာတဲ့သူေလ ွ်ာ့ခ်ဖို႔ တိုက္တြန္းထားပါတယ္။

ဒီအေရးေပၚအေျခအေန အမိန္႔ကို လိုက္နာဖို႔ ပ်က္ကြက္တဲ့ေနရာေတြကို အင္တာနက္ Website မွာ ေၾကညာသြားဖို႔ရွိၿပီး လိုက္နာသူေတြအေနနဲ႔ေတာ့ အကူအညီေတြရဖို႔ အရည္အခ်င္းျပည့္စံုသြားမွာျဖစ္တယ္လို႔ အရာရွိေတြက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တိုကျိုနဲ့အနီးအနား ဒေသ ၃ ခုမှာ ကိုဗစ်ထိန်းချုပ်ဖို့ အရေးပေါ်အခြေအနေကြေညာ

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ပိုတိုးလာနေပြီး တိုကျိုမြို့တော်မှာ တရက်ထဲ သေဆုံးသူ ၂,၄၄၇ ဦးအထိ စံချိန်တင်မြင့်တက်လာတာကြောင့် တိုကျိုနဲ့ အနီးနားဒေသ ၃ ခုကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပါပြီ။

ဂျပန် ဝန်ကြီးချုပ် Yoshihide Suga က ဒီနေ့မှာပဲ အရေးပေါ်အခြေအနေ ကြေညာလိုက်တာပါ။

“ကျနော်တို့ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါပြီ။ ဒီ အရေးပေါ်အခြေအနေကို အကောင်အထည်ဖော်ရမဲ့ကာလက ဂျပန်ပြက္ခဒိန် စတင်တာရဲ့ တတိယမြောက်ဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့ကနေစပြီး ဖေဖော်ဝါရီ ၇ ရက်နေ့အထိ တစ်လဖြစ်ပါတယ်။ အကောင်အထည်ဖော်ရမဲ့ ဒေသတွေကတော့ Chiba ခရိုင်၊ တိုကျိုနဲ့ Kanagawa ခရိုင်တို့ဖြစ်ပါတယ်။” လို့ ပြောသွားတာပါ။

ဒီကြေညာချက်မှာ အဓိက တားမြစ်ထားတာက စားသောင်ဆိုင်နဲ့ ဘားတွေကို ည ၈ နာရီပိတ်ဖို့နဲ့ လူတွေအနေနဲ့ အိမ်မှာနေပြီး လူစုတာတွေမလုပ်ဖို့ဖြစ်ပါတယ်။

ဒီကြေညာချက်ထဲမှာ အပစ်ဒဏ်ခတ်မယ်ဆိုတာတော့ မပါဘူး။ ဒါပေမဲ့ ဂျပန်နိုင်ငံအနေနဲ့ စီးပွားရေးဆက်လည်ပတ်နိုင်ဖို့ ရုန်းကန်နေရချိန်မှာ ပြင်းပြင်းထန်ထန် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

ကုန်တိုက်ကြီးတွေနဲ့ ကျောင်းတွေကတော့ ဆက်ဖွင့်ထားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ရုံတွေ၊ ပြတိုက်တွေနဲ့ အခြား လူများနိုင်တဲ့ လှုပ်ရှားမှုတွေကိုတော့ လာတဲ့သူလေ ျှာ့ချဖို့ တိုက်တွန်းထားပါတယ်။

ဒီအရေးပေါ်အခြေအနေ အမိန့်ကို လိုက်နာဖို့ ပျက်ကွက်တဲ့နေရာတွေကို အင်တာနက် Website မှာ ကြေညာသွားဖို့ရှိပြီး လိုက်နာသူတွေအနေနဲ့တော့ အကူအညီတွေရဖို့ အရည်အချင်းပြည့်စုံသွားမှာဖြစ်တယ်လို့ အရာရှိတွေက ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG