သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yasukuni ဘုရားကျောင်းကို ဂျပန်ဝန်ကြီးချုပ်သစ် ဝတ်ပြုအဖွဲ့ စေလွှတ်


စစ်အတွင်း ကျဆုံးသူတွေကို အမှတ်တရလုပ်ထားတဲ့ တိုကျိုမြို့က Yasukuni ဘုရားကျောင်း။ (အောက်တိုဘာ ၁၇၊ ၂၀၁၉)
စစ်အတွင်း ကျဆုံးသူတွေကို အမှတ်တရလုပ်ထားတဲ့ တိုကျိုမြို့က Yasukuni ဘုရားကျောင်း။ (အောက်တိုဘာ ၁၇၊ ၂၀၁၉)

(Zawgyi / Unicode)

ဂျပန်ဝန်ကြီးချုပ်သစ် Fumio Kishida ဟာ လာမယ့် ဆောင်းဦးရာသီ ပွဲတော်အတွက် စစ်အတွင်း ကျဆုံးသူတွေကို အမှတ်တရလုပ်ထားတဲ့ Yasukuni ဘုရားကျောင်းကို အဖွဲ့တဖွဲ့ စေလွှတ်ပြီး ဝတ်ပြုဆုတောင်းမှု လုပ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Kishida ဟာ တရုတ်နဲ့ ကိုရီးယားနိုင်ငံတွေရဲ့ အမျက်ဒေါသထွက်မှုကို ရှောင်ရှားတဲ့အနေနဲ့ ယခင်ခေါင်းဆောင်တွေလိုပဲ ကိုယ်တိုင်တော့ သွားရောက်ဝတ်ပြု ဆုတောင်းတာမျိုး မရှိခဲ့ပါဘူး။

တိုကျိုမြို့မှာရှိတဲ့ Yasukuni ဘုရားကျောင်းကို တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကတော့ ဂျပန်နိုင်ငံရဲ့ သူတို့အပေါ် ရက်စက်ကြမ်းကြုတ်မှု သင်္ကေတအဖြစ် မြင်ကြပါတယ်။ သူတို့နိုင်ငံတွေမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ ဂျပန်စစ်ခေါင်းဆောင် ၁၄ ဦးနဲ့ စစ်သည် ၂ သန်းခွဲကို အဆိုပါဘုရားကျောင်းမှာ ဂုဏ်ပြုထားတာမို့ အခုလို ရှုမြင်ကြတာလည်း ဖြစ်ပါတယ်။

ဒီလအစောပိုင်းမှာ ဝန်ကြီးချုပ်သစ်ရာထူးကို ရယူထားတဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် Kishida က အမျိုးသားရွေးကောက်ပွဲတွေကို အောက်တိုဘာ ၃၁ ရက်မှာ ပြုလုပ်မယ်လို့ ပြောဆိုထားပြီး အိမ်နီးချင်း တိုင်းပြည်တွေက သူ့ခြေလှမ်းတွေကို စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က အဆိုပါဝတ်ကျောင်းကို နောက်ဆုံး သွားရောက်လည်ပတ်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားနဲ့ တရုတ် အမျက်ဒေါသအပြင် အမေရိကန်ရဲ့ စိတ်ပျက်မှုတွေပါ ကြုံတွေ့ခဲ့ရပါတယ်။

Kishida မတိုင်ခင် ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ပူပူနွေးနွေး ဝန်ကြီးချုပ်ဟောင်း Yoshihide Suga ကတော့ အခု တနင်္ဂနွေနေ့မှာ ဝတ်ကျောင်းတော်မှာ ကိုယ်တိုင်သွားရောက် ဆုတောင်းခဲ့တယ်လို့ ကျိုဒိုသတင်းမှာ ဖော်ပြပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေး ပြောခွင့်ရှိသူကတော့ ဆိုးဆိုးရွားရွား စိတ်ပျက်မိကြောင်းနဲ့ အဆိုပါဝတ်ကျောင်းမှာ တာဝန်ယူလိုစိတ်ရှိတဲ့ ဂျပန်ခေါင်းဆောင်တွေ အဖန်တလဲလဲ သွားရောက်ဝတ်ပြု ဆုတောင်းတာကို ဝမ်းနည်းမိကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)









XS
SM
MD
LG