သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ် အဖြစ် Jeremy Hunt ကို ခန့်အပ်


အီးယူဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ နုတ်ထွက်ရေးနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲ မှုတွေကြောင့် နိုင်ငံခြားရေးဝန်ကြီး Boris Johnson ရာထူးကနေမနေ့တုန်းကပဲ နုတ်ထွက်သွားတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ရုံးရဲ့ပြောဆိုချက်အရ သိရပါတယ်။

ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေးတွေကို အနီးကပ်ဆက်ပြီးလုပ်ဆောင်သွားဖို့ဆိုတဲ့ ဝန် ကြီးချုပ် ထရီဆာမေရဲ့အစီအစဉ်တွေနဲ့ပတ်သက်လို့ မကျေနပ်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆန်က သူ့ရဲ့နုတ်ထွက်စာထဲမှာရေးသားထားပါတယ်။ အီးယူဥရောပသမဂ္ဂအဖွဲ့ထဲကနေ နုတ်ထွက်မယ့် အိပ်မက်ကတော့ ကိုယ့်ကိုကိုယ် မယုံကြည်မှုတွေကြောင့် အဆုံးသတ်တော့မယ်လို့လည်း ဘောရစ်ဂျွန်ဆန်ကသူ့ရဲ့နုတ်ထွက်စာမှာရေး ထားပါတယ်။

ပြီးခဲ့တဲ့၂၀၁၆ခုနှစ် ဇွန်လတုန်းကကျင်းပခဲ့တဲ့ အီးယူကနေ ဗြိတိန်ခွဲထွက်သင့် မသင့် လူထုဆန္ဒခံယူပွဲရဲ့ ရလဒ် အကောင်အထည်ဖေါ်ရေး အကောင်းဆုံးနည်းလမ်းနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ဆန်နဲ့ သဘောတူညီမှုမရှိဘူးလို့ ဝန်ကြီးဂျွန်ဆန်နုတ်ထွက်မှုကြေညာပြီး မကြာခင်မှာပဲ ဝန်ကြီးချုပ်ထရီဆာမေက လွှတ်တော်မှာပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း ဝန်ကြီးဂျွန်ဆန်ရဲ့ အီးယူကနေ ဗြိတိန်နုတ်ထွက်ရေးဆိုင်ရာ လုပ်ဆောင်ခဲ့မှု တွေ နဲ့ပတ်သက်ပြီး အသိအမှတ်ပြုလိုတဲ့အကြောင်း ဝန်ကြီးချုပ်ထရီဆာမေက ပြောပါတယ်။ ဗြိတိန်ခွဲထွက်ရေးဝန်ကြီး David Davis ရာထူးကနေနုတ်ထွက်ပြီး နောက်တရက်အကြာမှာပဲ ဝန်ကြီးဂျွန်ဆန်နုတ်ထွက်ခဲ့တာပါ။ သူ့ရဲ့နေရာမှာအစားထိုးဖို့ လက်ရှိကျန်းမာရေးဝန်ကြီး Jeremy Hunt ကို ဝန်ကြီးချုပ်ထရီဆာမေက ရွေးချယ်ထားပါတယ်။ ဒါကို ဗြိတိန်ဘုရင်မကြီး ကလည်း သဘောတူခွင့်ပြုတယ်လို့ ဝန်ကြီးချုပ်ရုံးကဆိုပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ် အဖြစ် Jeremy Hunt ကို ခန့်အပ်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG