သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဩစတြေးလျဝန်ကြီးချုပ်နဲ့ ကန်သမ္မတ အိမ်ဖြူတော်မှာတွေ့ဆုံ


အမေရိကန်သမ္မတ Joe Biden (ယာ) နဲ့ သြစတြေးလျဝန်ကြီးချုပ် Anthony Albanese တို့ရဲ့ အိမ်ဖြူတော်က သတင်းစာရှင်းလင်းပွဲ။ (အောက်တိုဘာ ၂၅၊ ၂၀၂၃)
အမေရိကန်သမ္မတ Joe Biden (ယာ) နဲ့ သြစတြေးလျဝန်ကြီးချုပ် Anthony Albanese တို့ရဲ့ အိမ်ဖြူတော်က သတင်းစာရှင်းလင်းပွဲ။ (အောက်တိုဘာ ၂၅၊ ၂၀၂၃)

ဩစတြေးလျနိုင်ငံဟာ ငြိမ်းချမ်းမှု၊ သာယာ၀ပြောမှုတွေနဲ့ အခြေတည်ထားတယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အိမ်ဖြူတော်ကိုရောက်လာတဲ့ ဩစတြေးလျဝန်ကြီးချုပ် Anthony Albanese နဲ့အတူ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ပစိဖိတ်ဒေသတွင်း တရုတ်ဩဇာလွှမ်းမိုးမှုတိုးလာတာကို တန်ပြန်ဖို့ မဟာမိတ်နှစ်နိုင်ငံကြား တူညီတဲ့အမြင်သဘောထားရှိချိန်မှာပဲ ဩစတြေးလျဝန်ကြီးချုပ်က နိုင်ငံတော်ခရီးစဉ်အနေနဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတာပါ။ ဥတုရာသီဖောက်ပြန်မှုထိန်းသိမ်းရေး နည်းပညာရေးနဲ့ နိုင်ငံလုံခြုံရေးကိစ္စရပ်တွေမှာ နီးနီးကပ်ကပ်ဆောင်ရွက်ကြဖို့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံခဲ့ကြတာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့တော့ လာမယ့်နှစ်တွေမှာ ဩစတြေးလျနိုင်ငံကို နျူကလီယားစွမ်းအင်သုံး ရေငုတ်သင်္ဘော ပေးဖို့ စီစဉ်ထားပါတယ်။ ဒါဟာ ဗြိတိန်နဲ့အတူ ပူးတွဲဆောင်ရွက်မှု အစိတ်အပိုင်းတရပ်ပါ။ မဟာမိတ်ရပ်တည်မှုဖြစ်စေတဲ့ စံတန်ဖိုးတွေကို ကာကွယ်သွားဖို့ ပိုင်းဖြတ်ထားကြတယ်လို့ သမ္မတဘိုင်ဒန်က ဩစတြေးလျှဝန်ကြီးချုပ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဩစတြေးလျ ဝန်ကြီးချုပ်ရဲ့ အခုခရီးစဉ်ဟာ သမ္မတ ဘိုင်ဒန်လက်ထက် အမေရိကန်ပြည်ထောင်စုကိုလာတဲ့ နိုင်ငံအကြီးအကဲတွေရဲ့ စတုတ္တမြောက်နိုင်ငံတော်ခရီးစဉ်ဖြစ်ပါတယ်။

XS
SM
MD
LG