သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ေရြးေကာက္ပဲြ Joe Biden အႏိုင္ရသူအျဖစ္ ေၾကညာႏိုင္ၿပီ


ေရြးေကာက္ခံသမၼတအျဖစ္ ခန္႔မွန္း ေၾကညာထားသည့္ Joe Biden (ႏုိဝင္ဘာ ၄၊ ၂၀၂၀)

(Zawgyi/Unicode)

၂၀၂၀ ျပည့္ႏွစ္၊ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ဒီမိုကရက္သမၼတေလာင္း Joe Biden ကို အႏိုင္ရသူအျဖစ္ အေမရိကန္ သတင္းမီဒီယာအသီးသီးက ခန႔္မွန္း ေၾကညာလိုက္ၿပီျဖစ္ပါတယ္။

အခုဆိုရင္ ဂ်ိဳး ဘိုင္ဒန္ဟာ အေမရိကန္သမိုင္းမွာ အသက္အႀကီးဆုံး သမၼတအျဖစ္ မွတ္တမ္းဝင္မယ့္ အေျခအေနရွိသြားၿပီျဖစ္ပါတယ္။ သူဟာ ေရြးေကာက္ပြဲအႏုိင္ရခ်ိန္မွာ အသက္ ၇၈ ႏွစ္နီးပါးရွိပါၿပီ။

ဂ်ဳိး ဘိုင္ဒန္ရဲ႕ ဒုတိယသမၼတေလာင္းျဖစ္သူ အထက္လႊတ္ေတာ္အမတ္ Kamala Harris ဟာလည္း အေမရိကန္သမိုင္းမွာ လူျဖဴမဟုတ္တဲ့ တျခားလူမ်ုိး ေသြးစပ္သူေတြထဲက ပထမဆံုး ဒုတိယသမၼတအျဖစ္ မွတ္တမ္းဝင္သြားၿပီျဖစ္ပါတယ္။

ႏုိဝင္ဘာလ ၃ ရက္ေန႔မွာ သမၼတေရြးေကာက္ပြဲအတြက္ မဲေပးခဲ့ၾကၿပီး ၄ ရက္အၾကာမွာ သတင္းဌာနေတြက အခုလို ခန္႔မွန္းေၾကညာလိုက္တာပါ။
ျပည္နယ္အသီးသီးက သက္ဆိုင္ရာ ေရြးေကာက္ပြဲရလဒ္ေတြကို တရားဝင္

ေၾကညာရဦးမွာျဖစ္ၿပီး သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ဘက္က ဥပေဒေၾကာင္းအရ တရားစြဲဆိုတာေတြလည္း ရွိထားေပမယ့္ ရလဒ္က ေျပာင္းလဲမယ့္ပံုမရွိဘူးလို႔ ခန္႔မွန္းၾကပါတယ္။

မစၥတာဘိုင္ဒန္ဟာ သမၼတေရြးေကာက္ပြဲအႏုိင္ရဖို႔ လိုအပ္တဲ့ သမၼတေရြးခ်ယ္ေရးအဖြဲ႔ ကိုယ္စားလွယ္မဲအေရအတြက္ ၂၇၀ ထက္မနည္းကို ရၿပီလို႔ ခန္႔မွန္းၾကၿပီးတဲ့ေနာက္ အခုလို ေၾကညာလိုက္တာျဖစ္ပါတယ္။

---------------------

(Unicode)

ကန် ရွေးကောက်ပွဲ Joe Biden အနိုင်ရသူအဖြစ် ကြေညာနိုင်ပြီ

၂၀၂၀ ပြည့်နှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်သမ္မတလောင်း Joe Biden ကို အနိုင်ရသူအဖြစ် အမေရိကန် သတင်းမီဒီယာအသီးသီးက ခန့်မှန်း ကြေညာလိုက်ပြီဖြစ်ပါတယ်။

အခုဆိုရင် ဂျိုး ဘိုင်ဒန်ဟာ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်မယ့် အခြေအနေရှိသွားပြီဖြစ်ပါတယ်။ သူဟာ ရွေးကောက်ပွဲအနိုင်ရချိန်မှာ အသက် ၇၈ နှစ်နီးပါးရှိပါပြီ။

ဂျိုး ဘိုင်ဒန်ရဲ့ ဒုတိယသမ္မတလောင်းဖြစ်သူ အထက်လွှတ်တော်အမတ် Kamala Harris ဟာလည်း အမေရိကန်သမိုင်းမှာ လူဖြူမဟုတ်တဲ့ တခြားလူမျိုး သွေးစပ်သူတွေထဲက ပထမဆုံး ဒုတိယသမ္မတအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့မှာ သမ္မတရွေးကောက်ပွဲအတွက် မဲပေးခဲ့ကြပြီး ၄ ရက်အကြာမှာ သတင်းဌာနတွေက အခုလို ခန့်မှန်းကြေညာလိုက်တာပါ။

ပြည်နယ်အသီးသီးက သက်ဆိုင်ရာ ရွေးကောက်ပွဲရလဒ်တွေကို တရားဝင် ကြေညာရဦးမှာဖြစ်ပြီး သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ဘက်က ဥပဒေကြောင်းအရ တရားစွဲဆိုတာတွေလည်း ရှိထားပေမယ့် ရလဒ်က ပြောင်းလဲမယ့်ပုံမရှိဘူးလို့ ခန့်မှန်းကြပါတယ်။

မစ္စတာဘိုင်ဒန်ဟာ သမ္မတရွေးကောက်ပွဲအနိုင်ရဖို့ လိုအပ်တဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ ကိုယ်စားလှယ်မဲအရေအတွက် ၂၇၀ ထက်မနည်းကို ရပြီလို့ ခန့်မှန်းကြပြီးတဲ့နောက် အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG