သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mike Johnson အောက်လွှတ်တော်ဥက္ကဋ္ဌ ပြန်အရွေးခံရ


အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson
အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson

၁၁၉ ကြိမ်မြောက် အမေရိကန် လွှတ်တော်အစည်းအဝေးတွေ ပြန်စတဲ့ သောကြာနေ့မှာ အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson ကိုပဲ နောက်ထပ် လွှတ်တော်သက်တမ်းအတွက် ထပ်မံ ရွေးချယ်လိုက်ပါတယ်။ သူ့ကို ပြန်လည် ရွေးချယ်ဖို့ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တချို့က အစောပိုင်း ကန့်ကွက်တာတွေ ရှိခဲ့ပေမဲ့၊ မဲခွဲ ဆုံးဖြတ်ချိန်မှာတော့ လုံလောက်တဲ့ ထောက်ခံမဲ ၂၁၈ မဲ ရပြီး အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြန်လည် အရွေးခံခဲ့ရတာပါ။

ဒီကနေ့ လွှတ်တော် အစည်းအဝေးတွေ ပြန်စချိန်မှာ အထက်နဲ့အောက် လွှတ်တော်နှစ်ရပ်လုံးကိုတော့ ရီပတ်ဘလစ်ကန် အမတ်တွေက အများစု လွှမ်းမိုးထားပါတယ်။ အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန် ပါတီခေါင်းဆောင်အဖြစ် ၁၈ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ဝါရင့် အထက် လွှတ်တော်အမတ် Mitch McConnell လည်း ပထမဆုံးအကြိမ် ခေါင်းဆောင်နေရာကနေ အနားယူတော့မှာ ဖြစ်ပါတယ်။

သူ့နေရာမှာ အစားထိုးဖို့ကိုတော့ John Thune ကို အထက်လွှတ်တော် လူများစု ခေါင်းဆောင်အဖြစ် ရီပတ်ဘလစ်ကန် ပါတီက ရွေးချယ်ထားပါတယ်။ အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်တွေက အမတ်နေရာ ၅၃ နေရာနဲ့ အများစု ရထားပြီး ဒီမိုကရက်အမတ်တွေက ၄၇ နေရာ ရထားပါတယ်။ လွှတ်တော်မှာ ဥပဒေတခုခု ပြဋ္ဌာန်းဖို့ ဆိုရင်တော့ အများစု ထောက်ခံမဲ ၆၀ ရှိဖို့ လိုအပ်ပါတယ်။

Mike Johnson အောက်လွှတ်တော်ဥက္ကဋ္ဌ ပြန်အရွေးခံရ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG