သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော် ရီပတ်ဘလစ်ကင်ခေါင်းဆောင် John Thune ဖြစ်လာမည်


အထက်လွှတ်တော် အများစု အမတ်ခေါင်းဆောင်သစ် John Thune သတင်းမီဒီယာရှေ့စကားပြောနေစဉ် (နိုဝင်ဘာ ၁၃၊ ၂၀၂၄)
အထက်လွှတ်တော် အများစု အမတ်ခေါင်းဆောင်သစ် John Thune သတင်းမီဒီယာရှေ့စကားပြောနေစဉ် (နိုဝင်ဘာ ၁၃၊ ၂၀၂၄)

လာမယ့်နှစ် အထက်လွှတ်တော် အများစု အမတ်ခေါင်းဆောင်အဖြစ် John Thune ကို အထက်လွှတ်တော် ရီပါဘလီကန် အမတ်တွေက ဗုဒ္ဓဟူးနေ့မှာ ရွေးချယ်လိုက်ကြပါတယ်။ အခုလို ခေါင်းဆောင်အဖြစ် အခြားသူ ၂ ယောက်နဲ့ ယှဥ်ပြိုင်ရာမှာ တောင်ဒါကိုတာ ပြည်နယ် အထက်လွှတ်တော် အမတ် John Thune လျှို့ဝှက်မဲနဲ့ အရွေးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီရီပါဘလီကန် အမတ်များခေါင်းဆောင် ရာထူးကို မြန်မာ့အရေး စိတ်ဝင်စားတဲ့ အမတ် Mitch McConnell က ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၈ နှစ်မှာ ယူထားခဲ့တာပါ။ အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျွန်သွန်း ဟာ ၂၀၀၄ ကတည်းက အထက်လွှတ်တော် အမတ်ဖြစ်လာခဲ့သူပါ။ သူနဲ့ပြိုင်ဘက် Scott လို အရွေးကောက်ခံ သမ္မတ ထရမ့်နဲ့ နီးစပ်ပြီး သဘောထား တင်းမာသူမဟုတ်ဘဲ၊ ရီပါဘလီကန် ပါတီရဲ့ ပင်မရေစီး အယူအဆဘက်ယိမ်းသူအဖြစ် ရီပါဘလီကန်တွေက မြင်ကြပါတယ်။

အခု ရွေးကောက်ပွဲမှာ အနိုင်ရတဲ့နေရာတွေ ရှိတာကြောင့် အမတ် ၁၀၀ ရှိတဲ့ အထက်လွှတ်တော်မှာ ရီပါဘလီကန် ပါတီက အခုအချိန်အထိ ၅၂ နေရာ ရရှိထားပါတယ်။ ပင်န်ဆယ်ဗေးနီးယား ပြည်နယ် အထက်လွှတ်တော် အမတ်နေရာ အတွက်တော့ မဲရေတွက်ဆဲ ရှိပါသေးတယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် လက်ရှိ ဥက္ကဋ္ဌ Mike Johnson ကို ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ထောက်ခံလိုက်ပါတယ်။

အထက်လွှတ်တော် ရီပတ်ဘလစ်ကင်ခေါင်းဆောင် John Thune ဖြစ်လာမည်
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG