သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန် ဒုတိယအကြိမ် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောမည် 


State of the Union GOP Diversity
State of the Union GOP Diversity

[[Zawgyi/Unicode]]

အမေရိကန်သမ္မတ Joe Biden ဟာ သမ္မတတာဝန် သက်တမ်းတဝက်ဖြစ်တဲ့ အရေးကြီးလှတဲ့ ၂ နှစ်ပြည့်မြောက်ချိန်မှာ ဒုတိယအကြိမ်နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ အမေရိကန်ပြည်သူအတော်များများကတော့ သမ္မတဘိုင်ဒန်အနေနဲ့ လက်ရှိချိန်ထိ အောင်မြင်စွာလုပ်ကိုင်နိုင်တာအနည်းငယ်ပဲရှိတယ်လို့ယုံကြည်နေကြပါတယ်။

သမ္မတဘိုင်ဒန်ကလည်း သူ့ရဲ့အောင်မြင်မှုတွေကို နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ကာကွယ်ပြောဆိုဖို့ ပြင်ဆင်ထားပါတယ်။ ဝါရှင်တန်ပို့စ်နဲ့ ABC သတင်းဌာနက ကောက်ယူထားတဲ့လူထုသဘောထား စစ်တမ်းတွေမှာတော့ ရာထူးသက်တမ်း ၂ နှစ် အတွင်း သမ္မတဘိုင်ဒန် သိပ်ပြီးအောင်မြင်အောင် မဆောင်ရွက်နိုင်ဘူးလို့ဖြေဆိုသူက ၆၂ ရာခိုင်နှုန်းရှိနေပါတယ်။ တချိန်တည်းမှာပဲ သမ္မတဘိုင်ဒန်ကတော့ သူ့လက်ထက်မှာ အလုပ်အကိုင်သစ် ထောင်ပေါင်းများစွာဖန်တီးနိုင်ခဲ့တာ၊ ဥတုရာသီ ဖောက်ပြန်မှုတားဆီးရေး ဥပဒေတွေပြဌာန်းနိုင်ခဲ့တာနဲ့ နိုင်ငံတွင်း ပျက်စီးယိုယွင်းလာနေတဲ့ လမ်းတံတားပြုပြင်ရေး ဘဏ္ဍာငွေချပေးနိုင်ခဲ့တာတွေအပြင် ယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားကို သူ့ဦးဆောင်မှုနဲ့ အနောက်နိုင်ငံတွေ စည်းလုံးညီညွှတ်စွာတန်ပြန်တိုက်ခိုက်နေတာကို မကြာခဏ ထည့်သွင်းပြောဆိုလေ့ရှိပါတယ်။

၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံမယ့် အသက် ၈၀ အရွယ်သမ္မတဘိုင်ဒန်အတွက် မဲဆွယ်စည်းရုံးရေးလုပ်ဖို့ နီးကပ်လာချိန်မှာပဲ လွှတ်တော်နှစ်ရပ်ရှေ့မှောက်ပြောကြားမယ့် နိုင်ငံတော်အခြေပြမိန့်ခွန်းဟာ လူထုကို သိမ်းသွင်းနိုင်မယ့် အခွင့်အရေးလည်းဖြစ်ပါတယ်။

သမ္မတဘိုင်ဒန် ဒုတိယအကြိမ် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောမည်.mp3
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

============

[[Unicode]]





ဆက်စပ်သတင်းများ ...

XS
SM
MD
LG