သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမားဦးကျော်မင်းဆွေကို ၅၀၅-က နဲ့အမှုဖွင့် 


The Voice Daily သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ (သြဂုတ် ၄၊ ၂၀၁၇)
The Voice Daily သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ (သြဂုတ် ၄၊ ၂၀၁၇)

လူသိများတဲ့ သတင်းသမား ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီနဲ့ အဆိုတော် ရွှေရည်သိန်းတန်တို့ကိုတပ် မတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်လိုက်ပါတယ်။ ပဇီကြီးကျေးရွာအပေါ် စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူအမြောက်အများ သေဆုံးခဲ့ပြီးနောက် ဝမ်းနည်းကြောင်း လူမှုကွန်ရက်တွေပေါ်မှာ ဖော်ပြခဲ့ကြပြီးနောက် လွန်ခဲ့တဲ့ ၁၀ ရက်လောက်ထဲက ၃ ယောက်လုံး ဖမ်းဆီးခံခဲ့ကြရတာပါ။ အခုတော့ သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှာ ပြန်လည်ပို့ဆောင်ထားပြီး တရားစွဲဖို့ ပြင်ဆင်နေတဲ့အကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပါမယ်။

ဧပြီလ ၁၁ ရက်က ပဇီကြီးကျေးရွာအပေါ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဝမ်းနည်းကြောင်း လူမှုကွန်ယက်တွေပေါ်မှာတင်ခဲ့ပြီးနောက် လူသိများတဲ့ သတင်းသမား ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီနဲ့ အဆိုတော် ရွှေရည်သိန်းတန်တို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်လိုက်တာဖြစ် တယ်လို့တရားရုံးနဲ့ နီးစပ်သူတဦးက ဗွီအိုအေကိုပြောပါတယ်။

"ကိုကျော်မင်းဆွေကို ကန့်ဘလူ ပဇီးကျေးရွာ ဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ ဖေ့ဘုတ်မှာတင်ရေး လိုက်တာနဲ့ပတ်သတ်လို့ညှိုတယ်ပြောတယ်။ စစ်ကြောရေးဝင် စမ်းချောင်းမြို့မရဲစခန်းအပ်လိုက်တယ်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့စွဲထားတယ်လို့ပြောတယ်။ သူနဲ့အတူတူဘဲ အဆိုတော် ရွှေရည်သိန်းတန်ရယ် မင်းသမီးမေပန်းချီရယ် သူတို့တွေက မြောက်ဒဂုံမှာသူတို့လည်း ၅၀၅-ကနဲ့စွဲထားတယ်ပြောတယ်။"

သူတို့ ၃ ဦးထဲက မေပန်းချီနဲ့ ရွှေရည်သိန်းတန်ကို ဧပြီ ၁၁ ရက်၊ ဦးကျော်မင်းဆွေကို ဧပြီ ၁၂ ရက်နေ့မှာ အာဏာပိုင်တွေက ခေတ္တ ခေါ်ယူမေးမြန်းဖို့အတွက်ဆိုကာ ခေါ်ယူသွားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံရသူတွေကို ရန်ကုန်မြို့က အောင်သပြေ စစ်ကြောရေးမှာ ၁၀ ရက်လောက်ကြာအောင် စစ်ဆေးခဲ့ပြီးနောက် အခုတော့ မတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က တပ်ပြီး တရားစွဲတာဖြစ်ပါတယ်။ ဦးကျော်မင်းဆွေကို စမ်းချောင်းမြိုန့ယ်ရဲစခန်း၊ မေပန်းချီ၊ ရွှေရည်သိန်းတန်တို့ကို မြောက်ဒဂုံမြို့နယ် ရဲစခန်းတို့ကို ဧပြီ ၂၀ ရက် ကြာသပတေးနေ့ ညပိုင်းက ပြန်လည်ပို့ဆောင်ချုပ်နှောင်ထားပြီး အမှုဖွင့်လိုက်တာဖြစ်ပါတယ်။ မရွှေရည်သိန်းတန်မိသားစုကိုဆက်သွယ်တာမှာတော့ လတ်တလော ဘာမှမဖြေကြားလိုဘူးလို့ ဗွီအိုအေကိုတုံပြန်ပေမယ့် ဖမ်းဆီးခံရတာမှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။ ကျန်တဲ့ မမေပန်းချီမိသားစုထံကိုတော့ ဗွီအိုအေဘက်က ဆက်သွယ်ဖို့ကြိုးစားနေပါတယ်။

ဦးကျော်မင်းဆွေ၊ မမေပန်းချီနဲ့ ရွှေရည်သိန်းတန်တို့ကို ပဇီကြီးကျေးရွာ လေကြောင်းကနေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ ဝမ်းနည်းကြောင်း လူမှုကွန်ရက်မှာ ဖော်ပြတာက အကြမ်းဖက်မှုကို အားပေးရာ ရောက်လို့ ဖမ်းဆီးပါ ဆိုပြီး စစ်ကောင်စီကိုထောက်ခံသူတွေက တယ်လီဂရန်ချန်နယ်တွေကနေ လှုံ့ဆော်ခဲ့တာတွေရှိခဲ့ပါတယ်။ အဲဒီလိုလှုံ့ဆော်ခဲ့ပြီးမကြာခင်မှာဘဲ သူတို့တွေ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဦးကျော်မင်းဆွေဟာ The Voice Weekly အပတ်စဉ်ထုတ်ဂျာနယ်ရဲ့ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ပြည်တွင်းမှာ သတင်းစာဆရာတစ်ဦးအဖြစ် လူသိများသူလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က ၇၂ နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုတဲ့ ပြည်ထောင်စုသစ္စာဆိုတဲ့ ရုပ်ရှင်ဇတ်ကားကို ကျည်ထောင်စုသစ္စာဆိုပြီး The Voice သတင်းစာမှာ ဖော်ပြခဲ့လို့ အဲဒီအချိန်က အယ်ဒီတာချုပ် ကိုကျော်မင်းဆွေကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ၊ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) တို့နဲ့ စစ်တပ်က အမှုဖွင့် ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ ငွေကြေးအာမခံနဲ့ တရားသေ ပြန်လွတ်လာခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်မှာလည်း မကြာခဏ ခေါ်ယူမေးမြန်းမှုတွေရှိခဲ့ပါတယ်။

မေပန်းချီကတော့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး လက်ရှိမှာ စီးပွားရေးလုပ်ငန်းတချို့အတွက် အွန်လိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ပြီး ဈေးရောင်းချပေးနေသူဖြစ်ပါတယ်။ အဆိုတော်ရွှေရည်သိန်းတန် ကတော့ မြန်မာနိုင်ငံမှာ အထင်ကရ အဆိုတော် တွံတေးသိန်းတန် သမီးဖြစ်ကာ သူကိုယ်တိုင်လည်း တေးသီချင်းများစွာ သီဆိုကာနာမည်ကြီးခဲ့သူအဆိုတော် တဦးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG