သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရောင်ခြည်စွမ်းအင်သုံး Juno အာကာသယာဉ် ဂျူ ပီတာဂြိုလ်ပတ် ခရီးစတင်


NASA’s solar-powered Juno is expected to begin orbiting the planet Jupiter on July 4, 2016, five years after the spacecraft’s launch.
NASA’s solar-powered Juno is expected to begin orbiting the planet Jupiter on July 4, 2016, five years after the spacecraft’s launch.

အာကာသထဲမှာ ကီလိုမီတာ သန်းပေါင်း ၂,၈၀၀ ခရီးနှင်ခဲ့ပြီးနောက် နေရောင်ခြည် စွမ်းအင်သုံး အာကာသယာဉ် Juno ဟာ အခုအခါ ဂျုပီတာဂြိုဟ်ကို စတင်လည်ပတ်နေပါပြီ။

အမေရိကန် အာကာသသိပ္ပံ အေဂျင်စီ NASA ရဲ့ Juno အာကာသယာဉ်ဟာ ဂျုပီတာဂြိုဟ်ရဲ့ ဆွဲငင်အားနဲ့ အလိုက်သင့် လှည့်ပတ်နိုင်အောင် အရှိန်လျှော့ချနိုင်ဖို့ တနင်္လာနေ့ နှောင်းပိုင်းမှာပဲ အင်ဂျင်စက်ကို စနှိုးခဲ့ပါတယ်။ ဂြိုဟ်ပတ်လမ်းထဲဆင်းဖို့ ၃၅ မိနစ်ကြာ ကြိုးပမ်းမှုတွေ အောင်မြင်ကြောင်း အချက်ပြသံကို လက်ခံရရှိခဲ့ပြီး နောက်မှာတော့ ကယ်လီဖိုးနီးယား ပြည်နယ်က NASA အာကာသ ထိန်းချုပ်ရေးစခန်းမှာ အားပေးသံတွေနဲ့ ပြည့်လျှံသွားခဲ့ပါတယ်။

နေကနေ ရေတွက်ရင် ပဉ္စမမြောက်နေရာမှာရှိတဲ့ ဂြိုဟ်လည်းဖြစ်၊ နေစကြဝဠာစနစ်မှာ အကြီးဆုံးလည်းဖြစ်တဲ့ ဂျုပီတာဂြိုဟ်ကို Juno အာကာသယာဉ်က လှည့်လည်ပြီး လပေါင်း ၂၀ ကြာ သုတေသန လေ့လာမှုတွေ ပြုလုပ်သွားမှာပါ။

နေစကြဝဠာစနစ် အခြေခံဖွဲ့စည်းခဲ့ပုံကို နားလည်နိုင်ဖို့၊ ဓာတ်ငွေ့တိမ်တိုက်တွေ ဖုံးလွှမ်းနေတဲ့ ဂျုပီတာဂြိုဟ်မှာ မာကျောတဲ့ မျက်နှာပြင်ရှိမရှိ ဆိုတာတွေကို သုတေသန လုပ်ကြမှာ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ ရေဒီယိုသတ္တိကြွဓာတ်လို့ ပြင်ပပတ်ဝန်းကျင်က ရိုက်ခတ်မှုဒဏ်ကို ခံနိုင်အောင် လက္မဝက်လောက်ထူတဲ့ တိုက်တေနီယံသတ္ထုနဲ့ တည်ဆောက်ထားတဲ့ ပန်ကာပုံစံ အာကာသယာဉ်ကိုတော့ ကွန်ပြူတာစနစ်နဲ့ အဓိကထိန်းချုပ်ထားတာပါ။ Juno အာကာသယာဉ်ဟာ ဂျုပီတာဂြိုဟ်ကို အရောက်သွားနိုင်တဲ့ ဒုတိယမြောက် အာကာသယာဉ်ဖြစ်ပြီး၊ ပထမအကြိမ် ရောက်ခဲ့တဲ့ Galileo ယာဉ်ကတော့ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ လှည့်ပတ်ခဲ့တာပါ။

Juno အာကာသယာဉ်ရဲ့ ခရီးစဉ်ကိုတော့၊ ပျက်စီးပျောက်ပျက်သွားတဲ့အထိဂျုပီတာဂြိုဟ်ရဲ့ လေထုထဲ ဝင်ရောက်ပြီး၊ ၂၀၁၈ ခုနှစ်မှာ အဆုံးသတ်ဖို့လည်း စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG