သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါဝန်ကြီးချုပ်ကို Trump အကြံပေးက ဝေဖန်


ကနေဒါဝန်ကြီးချုပ်နဲ့ သမ္မတ Trump တွေ့ဆုံစဉ်
ကနေဒါဝန်ကြီးချုပ်နဲ့ သမ္မတ Trump တွေ့ဆုံစဉ်

သမ္မတ Donald Trump ရဲ့ အရေးပါတဲ့ လက်ထောက်တဦးက ကနေဒါဝန်ကြီးချုပ် Justin Trudeau ဟာ “ကျနော်တို့ကို နောက်ကျော ဒါးနဲ့ထိုးတယ်” လို့ တနင်္ဂနွေနေ့က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားနဲ့ ထိပ်သီးအစည်းအဝေး အတွက် G-7 ထိပ်သီးအစည်းအဝေးကနေ သမ္မတထရမ့်ပ် စင်္ကာပူကို ထွက်သွားပြီးတဲ့နောက် ထိခိုက် ပြောဆိုတယ်လို့လည်း ဆိုပါတယ်။

အလျူမီနီယံနဲ့ သံမဏိသွင်းကုန်တွေအပေါ် အမေရိကန် အခွန်တိုးကောက်တာဟာ “စော်ကားတာပဲ” လို့ ကနေဒါဝန်ကြီးချုပ် Trudeau က သတင်းစာရှင်းလင်းပွဲတခုအတွင်း ပြောသွားတဲ့အပေါ် သမ္မတထရမ့်ပ်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Larry Kudlow က ပြစ်တင် ပြောဆိုတာပါ။ ဝန်ကြီးချုပ် Trudeau က အဲဒီလိုပြောလိုက်ပြီးတဲ့နောက် အစဉ်အလာအတိုင်းလုပ်နေကျ ထိပ်သီးအစည်းအဝေးအပြီး ပူးတွဲကြေညာချက်မှာ လက်မှတ်မထိုးဖို့ သမ္မတထရမ့်ပ်က အမေရိကန်တာဝန်ရှိသူတွေကို ညွှန်ကြားပါတယ်။

ပူးတွဲကြေညာချက်အတွက် သမ္မတထရမ့်ပ်ဟာ “စိတ်စေတနာကောင်း” နဲ့ စေ့စပ်ညှိနှိုင်းပြီး “အခွန်မဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး” လုပ်ကြဖို့အတွက် ထိပ်သီးအစည်းအဝေးမှာ နှိုးဆော်ပါတယ်လို့ အကြံပေး Kudlow ကဆိုပါတယ်။

အမေရိကန်ရဲ့ ပြစ်တင် ဝေဖန် ပြောဆိုချက်တွေအပေါ် ဝန်ကြီးချုပ် Trudeau က တုန့်ပြန်ပြောဆိုတာ မလုပ်ဘဲ ထိပ်သီးအစည်း အဝေးဟာ အောင်မြင်တယ်လို့ပဲ ပြောဆိုပါတယ်။

ကနေဒါဝန်ကြီးချုပ်ကို Trump အကြံပေးက ဝေဖန်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG